Monday, January 30

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန်လိုအပ်ကြောင်းနှင့် တပ်မတော်ပါဝင် ရန် လိုလားကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။

ထိုသို့ပြောဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသောဒီလှိုင်းစာစောင် အတွဲ(၁)၊ အမှတ်(၂) ဇန်န၀ါရီလ ၂၃ ရက်နေ့ထုတ်စာစောင်တွင် ဖော်ပြခဲ့သည့်အင်တာဗျူး၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

" မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကိုပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အထိ စိတ်ချရဖို့ဆိုရင်တော့ တပ်မတော်ကပါဝင် ပူးပေါင်းဖို့လိုလိမ့်မယ်" ဟုဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး၌ ပြောကြားခဲ့ပါသည်။

" တပ်မတော် မပါဘဲနဲ့တော့ ကျွန်မတို့ဟာ အောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး။ ကျွန်မအ နေနဲ့ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုရှိမှ ဒီမိုကရေစီရေးရာအောင်မြင်နိုင်မယ်လို့ ပြောတာဟာလိုအပ်ချက်အရ ရော၊ လိုလားချက်အရပြောတာပါ။ လိုအပ်ချက်ဆိုတာက မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ တပ်မ တော်ကပါဝင် ပူးပေါင်းဖို့ လိုအပ်တယ်။ ကျွန်မအနေနဲပလည်းစစ်တပ်က ပူးပေါင်းပါဝင်လာတာကို လိုလားပါ တယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အင် တာဗျူးထဲ၌ ဆက်လက်ပြောကြားခဲ့ပါသည်။
Weekly Eleven News Journal - အတွဲ ၇၊ အမှတ် ၁၈

0 comments:

Post a Comment