Sunday, January 1

တာမွေတွင် ငွေစက္ကူအတုများ ဖမ်းဆီးရမိ

ငွေစက္ကူအတု
ဈေးရောင်း ဈေးဝယ်အထူးစည်ကားသော တာမွေမြို့နယ်တွင် ငွေစက္ကူအတု တစ်ထောင်ကျပ် တန်အရွက်သေး ၁၇ ရွက်ကို ခရစ္စမတ်နေ့ နေ့လယ်ပိုင်းက ဘိုးလိမ်းအောင်မင်္ဂလာရပ်ကွက်၊ ဗညားဒလလမ်း၊ အမှတ် ၂၈၆ မြေညီထပ်တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်၌ ခေါက်ဆွဲကြော် ၀ယ်ယူနေသူ အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးထံမှ ပထမဆုံးအကြိမ် ဖမ်းဆီးရမိခဲ့ကြောင်း တာမွေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိရဲအ ရာရှိတစ်ဦးက The Voice Weekly သို့ပြောကြားသည်။

ယင်းစားသောက်ဆိုင်ရှင်သည် ၄င်း၏ဆိုင်တွင် လာရောက်စားသုံးသူတစ်ဦးထံမှ တစ်ထောင် ကျပ်တန်များကို ငွေစက္ကူ အတုဟုယူဆ၍ ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရာမှ ငွေစက္ကူ အတု တစ်ထောင်တန်အရွက်သေး ၁၇ ရွက်၊ ငွေစက္ကူအစ်အရွက်သေး ၁၀ ရွက်၊ ငါးရာတန်အရွက်ကြီးတစ် ရွက်နှင့် ငွေနှစ်ရာကျပ်တန်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ၄င်းကအတည်ပြုပြောကြားသည်။

ငွေစက္ကူအတုကို ခွဲခြားရာတွင် အချက်ခုနစ်ချက်ဖြင့် ဖော်ပြထားကြောင်း၊ ငွေစက္ကူကိုခေါက် လိုက်ပါက အနားသတ်အကွာအဝေးမတူညီခြင်း၊ ငွေစက္ကူအတုသည် ငွေစက္ကူအစစ်နှင့် စာရွက်သားသိသာစွာ ကွာခြားခြင်း၊ အရောင်တောက်ပမှုကွာခြင်း၊ အစစ်ကဲ့သို့ ရေစာမပါရှိခြင်း၊ ငွေကြိုးမပါခြင်း၊ ဂဏန်းအက္ခရာ တစ် သမတ်တည်းဖြစ်နေခြင်း၊ ငွေစက္ကူအစစ်နှင့် အလျား အနံအနည်းငယ်ကွာဟမှုရှိခြင်း တို့ဖြစ်ကြောင်း ၄င်းကထပ် လောင်းရှင်းပြသည်။

" ကျွန်တော်က ဆိုင်ကိုလာအားပေးတဲ့သူကို ထိခိုက်စေလိုတဲ့ စိတ်မရှိပါဘူး။ ဒါပေမဲ့ ဒီငွေအ တုတွေပြန့်သွားမှာကြောင့်ပါ" ဟု အသက်လေးဆယ်ကျော်အရွယ်ရှိ ယင်းစားသောက်ဆိုင်ရှင်က ဆိုသည်။ ငွေ အတုများကို မသိဘဲသုံးစွဲမိပါက ငွေကြေးချမ်းသာသူများအတွက် အခက်အခဲမရှိနိုင်သော်လည်း သာမန်လက် လုပ်လက်စားများ အသုံးပြုမိပါက အခက်အခဲဖြစ်နိုင်ကြောင်း ၄င်းကပြောဆိုသည်။

ငွေစက္ကူလက်ဝယ်ထားရှိ အသုံးပြုသူအမျိုးသားသည် ဆေးအရောင်းကိုယ်စားလှယ်တစ်ဦးဖြစ် ပြီး ၄င်းလက်ဝယ်သို့ ယင်းငွေအတုများသည် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာခြင်းကိုသိရှိသော်လည်း သတိမထားဘဲ သုံးစွဲမိခြင်းဖြစ်နိုင်ကြောင်း ရဲအရာရှိကပြောကြားသည်။

" ဒီအမှုကို ပအမှတ် ၈၅၈/၁၁ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၈၀(ဂ) ငွေစက္ကူအတုလက်ဝယ်ကိုင် ဆောင်မှုနဲ့ တာမွေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်" ဟု ၄င်းကဆိုသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၈၉(ဂ) ငွေစက္ကူအတု လက်ဝယ်ကိုင်ဆောင်မှုအရ ထောင်ဒဏ်အ နည်းဆုံး ခုနစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ပေးဆောင်ရမည်ဖြစ်ကြောင်း အသက် ၃၀ ကျော်အရွယ်ရှိ အထက် တန်းရှေ့နေတစ်ဦးက ရှင်းပြသည်။

 The Voice Weekly Journal

0 comments:

Post a Comment