Friday, January 13

အစောဆုံးလွတ်မြောက်လာမည့်နိုင်ငံရေးအကျဉ်းသားများ

ဇန်န၀ါရီ ၁၃ ရက် နံနက် သိရှိရသမျှ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်မှု စာရင်း ကျောက်ဖြူထောင်မှ နိုင်ငံရေး အကျဉ်းသား ၉ ဦးနှင့် စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်တို့ လွတ်မြောက်သည်ဟု အကျဉ်းဦးစီးမှ အတည်ပြုပြောဆိုသည်။ မြင်းခြံထောင်မှ နိုင်ငံရေး အကျဉ်းသား ကျား၁၁၊ မ ၂ဦး တို့လွတ်မြောက်သည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၆၅ နှစ်ခွဲချမှတ်ခံထားရသူ မသက်သက်အောင် လည်းယင်းတို့အနက်ပါဝင်သည်ဟု အကျဉ်းဦးစီးဋ္ဌာနကိုလှမ်းမေးမြန်းသည့် မသက်သက်အောင် ခင်ပွန်း ကိုချစ်ကိုလင်းက အတည်ပြုပြောဆိုသည်။ လွတ်မြောက်သည့် စာရင်းထဲ မပါဝင်သူအချို့စာရင်းလည်း ရရှိထားရာ ရှမ်းတိုင်းရင်းသား ၆ ဦး ကရင် ၂ ဦး ၊ သရက်ထောင်မှ ကိုသန်းဇော် တွင်ပါဝင်သည်။ 
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၇နာရီ ၃၀ မိနစ်
News Update: More political prisoners name were confirmed

တောင်ကြီးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများအနက် ဦးရွှေထူး မှလွဲ၍ အားလုံးလွတ်မြောက်မည်၊ သာယာဝတီမှ ၁၀ ဦးလွတ်မြောက်မည်။ ဘူးသီးတောင် အကျဉ်းထောင်တွင် မလွတ်မြောက်ပဲ ကျန်ရှိသူမှာ ကိုအေးမင်းစိုးဖြစ်သည်ဟုလည်း သိရှိရသည်။ ကျန်ရှိသူများမှာ ဖောက်ခွဲမှုများဖြင့် စွဲဆို ပြစ်ဒဏ်ချမှတ်ခံရသူများဖြစ်သည် ဟုသိရှိရသည်။

 YPI

0 comments:

Post a Comment