Friday, February 24

ခြံနှင့် အိမ်ကို အမွေခွဲပေးစေလိုမှု ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုမှု စစ်ဆေး

ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ် သာလမ်းရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေပုံပစ္စည်းအဖြစ် စီမံခန့်ခွဲပေး ရန် တရားမကြောင်းအရ ဦးအောင် ဆန်းဦးကဒေါ်အောင်ဆန်းစုကြည် အပေါ် လျှောက်ထားတရားစွဲဆို ခဲ့မှုကို ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဆက်လက်စစ်ဆေး ကြားနာခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တရား ပြိုင်ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသောတက္ကသိုလ်လမ်းနေ ဦးအေးဝင်း(ဦးဘ၀င်း၏သား) ကို ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ အကျိုးဆောင်က မေးမြန်းစစ်ဆေး ခဲ့သည်။ ယင်းသို့ မေးမြန်းရာတွင် မိခင်ကြီးဒေါ်ခင်ကြည်ကွယ်လွန်ပြီး နောက် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး သဘောတူချုပ်ဆိုခဲ့သော စာချုပ်ကို အဓိကထား၍ မေးမြန်းသည်။တရား လိုဦးအောင်ဆန်းဦး၏ ဥပဒေ အကျိုးဆောင်က ပြန်လှန်မေးခွန်း များမေးမြန်းခဲ့သည်။ လွန်ခဲ့သော ၂၀၁၀ ပြည့်နှစ်မှ စတင်၍ ဦးအောင် ဆန်းဦးက ဗဟန်းမြို့နယ်တက္ကသိုလ် ရိပ်သာလမ်း အမှတ် ၅၄/၅၆ ရှိ နေအိမ်နှင့် ခြံဝင်းကို အမွေပုံပစ္စည်း ခွဲဝေပေးစေလိုမှုဖြင့် ဒေါ်အောင် ဆန်းစုကြည်အပေါ်တရားရုံးတွင် လျှောက်ထားတရားစွဲဆိုခဲ့သည်။ ယင်းအမှုကို တရားရုံးကကြားနာပြီး ဦးအောင်ဆန်းဦးကို နိုင်ငံခြားသား တစ်ဦးအနေဖြင့် နေအိမ်နှင့် ခြံဝင်း ကို ပိုင်ဆိုင်ခွင့်မရှိကြောင်း အမိန့်ချ မှတ်၍ အမှုရှုံးနိမ့်ခဲ့သည်ဟု သိရ သည်။
ထို့နောက် ၂၀၀၁ ခုနှစ်တွင် ဦးအောင်ဆန်းဦး၏ အကျိုးဆောင် ရှေ့နေများက ဒေါ်အောင်ဆန်းစု ကြည်အပေါ် အမွေပုံပစ္စည်းစီမံခန့်  ခွဲပေးစေလိုမှု ထပ်မံတရားစွဲဆိုခဲ့ရာ ၁၀ နှစ်ကြာခဲ့သည်ဟု သိရသည်။ အမှုကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆက်လက်စစ်ဆေးကြားနာကြောင်း သိရသည်။
နန္ဒလင်း (မြန်မာပို့ စ်ဂလိုဘယ်)

0 comments:

Post a Comment