Sunday, February 19

၀၁ ၂၃၀ နှင့်စသည့် အော်တိုတယ်လီဖုန်းလိုင်းများအား ကြိုတင်ငွေဖြည့်စနစ်သို့ စတင်ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တယ်လီဖုန်းဘေလ်ဆောင်နေသူများအား တွေ့ရစဉ်
မတ်လ ၁ရက်နေ့မှစတင်၍ ၀၁ ၂၃၀ နှင့်စသည့် အော်တိုတယ်လီဖုန်းလိုင်းများအား ဖုန်းဘေလ်ဆောင်စနစ်မှ ကြိုတင်ငွေဖြည့်စနစ် Prepaid စနစ်သို့ ပြောင်းလဲသွားမည်ဟု သိရသည်။
ယင်း ၀၁ ၂၃၀ နှင့်စသည့် အော်တိုတယ်လီဖုန်းများအား ဏမနစငေိ စနစ်သို့ပြောင်းလဲလိုပါက အမှတ် ၁၀၃၊ လမ်း၄၀ ရှိ အော်တိုတယ်လီဖုန်းရုံးတွင် ပုံစံစာရွက် အခမဲ့တောင်းယူ၍ ပြောင်းလဲခြင်းအား ပြုလုပ်နိုင်ကြောင်း သိရသည်။
''အခုက SoftSwitch စနစ်နဲ့ လုပ်ထားတဲ့နံပါတ်တွေကို အရင်ပြောင်းပေးတာပါ။ လုပ်ဖို့အဆင်ပြေတဲ့လိုင်းကို အရင်စမ်းလုပ်ကြည့်ပြီးနောက်မှ တခြားလိုင်းတွေကို လုပ်သွားမှာပါ။ ဒီစနစ်ကို ပြောင်းမသုံးချင်ဘူး။ အရင်အတိုင်း ဖုန်းဘေလ်ဆောင်တဲ့စနစ်နဲ့ပဲ သုံးမယ်ဆိုလည်းရပါတယ်''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ အော်တိုတယ်လီဖုန်းများအား Prepaid စနစ်သို့ပြောင်းလဲရာတွင် ဌာနဆိုင်ရာ ဖုန်းလိုင်းများနှင့် All In FE ဖုန်းများပါဝင်ခြင်းမရှိကြောင်း သိရသည်။ Prepaid စနစ်သို့ပြောင်းလဲမည့် သက်ဆိုင်ရာအော်တို တယ်လီဖုန်းများအနေဖြင့် ယင်းစနစ်သို့ မပြောင်းလဲခင်အချိန်အထိ ခေါ်ဆိုထားသည့် ခေါ်ဆိုခကျသင့်ငွေများအား ယခင်ဖုန်းဘေလ်စနစ်ဖြင့်ပင် ပေးဆောင်ရမည်ဖြစ်ပြီး ကြိုတင်ငွေပေးချေထားသည့် ဖုန်းများမှာမူ Prepaid စနစ်သို့ မပြောင်းလဲမီအချိန်အထိ ခေါ်ဆိုခ များပေးချေပြီးနောက် ပိုငွေကျန်ရှိနေပါက Prepaid စနစ်ထဲသို့ ပြောင်းလဲထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရသည်။ ၄င်းအော်တိုတယ်လီဖုန်းများ၏ ကြိုတင်ငွေဖြည့်ကတ် များအား မိုဘိုင်းဖုန်းများ၏ ကြိုတင်ငွေဖြည့်ကတ်များကဲ့သို့ပင် ကျပ်တစ်သောင်း တန်၊ ကျပ်နှစ်သောင်းတန်နှင့် ကျပ်သုံးသောင်းတန်စသဖြင့် ၀ယ်ယူနိုင်မည်ဟု သိရသည်။
EMG

0 comments:

Post a Comment