Saturday, December 10
NLD ပါတီ ပြန်လည်တည်ထောင်ခွင့်အဖွဲ့ဝင်များ စစ်ဆေးခံနေရ
အန်အယ်လ်ဒီပါတီ  ပြန်လည်တည်ထောင်ခွင့်ရဖို့အတွက် လျှောက်ထားခဲ့တဲ့  ၂၁ ဦးပါ  အဖွဲ့ဝင်တွေကို နယ်မြေခံသတင်းတပ်ဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေး(စစစ)  အဖွဲ့ဝင်တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။ 
 မကွေး တိုင်း သတင်းတပ်ဖွဲ့က လာရောက် စစ်ဆေးသွားတာနဲ့ ပတ်သက်ပြီး  ပထမ ၂၁  ဦးထဲမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  မကွေးတိုင်းက  ဒေါ်ခင်စောဌေးက အခုလို ပြောပါတယ်။
 “အန်တီကို   စစ်တာတော့ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက်လောက်က။ မကွေးတိုင်းကကို   ဆင်းလာတာ။ ရဲသတင်း အထူးတပ်ဖွဲ့လို့ ခေါ်မှာပေါ့။ နောက်ပြီးတော့   စသုံးလုံးက သပ်သပ်။ ပြည်ထဲရေးလက်အောက်ကလို့ ပြောတယ်။   နှစ်ဖွဲ့လာတယ်။ သူတို့က ရဲနဲ့ မဆိုင်ဘူးတဲ့။”
 ၂၁ ဦး   အဖွဲ့ဝင်တွေရဲ့ နိုင်ငံခြားက အထောက်အပံ့ခံရတာ ရှိသလား ဆိုတာကိုလည်း   အဓိက စစ်ဆေးတယ်လို့ အစစ်ဆေးခံရတဲ့ ဒေါ်ခင်စောဌေးက ပြောပါတယ်။
 “အန်တီတို့  ကိုလည်း ကိုယ်ရေးရာဇဝင် လာစစ်တယ်လေ။ အဓိက သူတို့လိုချင်တဲ့ အချက်က   မူးယစ်ဆေးဝါးနဲ့ ကင်းလွတ်သလား၊ နိုင်ငံခြားအဖွဲ့တွေက   ထောက်ပံ့မှု ခံရသလား၊ အန်ဂျီအို (အစိုးရမဟုတ်တော့ အဖွဲ့အစည်း)   တွေနဲ့ ဆက်သွယ်သလား၊ ဒါတွေ အဓိက ထားတာလေ။ နောက်ပြီး အန်တီတို့ကို   ဘာသင်တန်းတွေ တက်သေးလဲ၊ ဘာလဲပေါ့။ သူတို့က နိုင်ငံခြားက   အသင်းတွေကို တရားမဝင် အဖွဲ့အစည်းလို့ သတ်မှတ်တာကိုး။ သူတို့က   ကိုယ်ရေးရာဇဝင်တွေကို ယူသွားတာပေါ့။ ယူပြီးတော့ အန်တီတို့   ဓာတ်ပုံနဲ့ ယူသွားတယ်။ အန်တီတို့ကလည်း ရိုးရိုးသားသား   လုပ်တဲ့သူဆိုတော့ ပေးတယ်လေ။”
 အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ကနေ ပါတီပြန်လည်တည်ထောင်ခွင့်ရဖို့  လျှောက်ထားရမှာ တိုင်းနယ်  ပြည်နယ်က လူငယ်နဲ့ အမျိုးသားသမီးတွေကို  အဓိကထားပြီး စုစုပေါင်း ၂၁  ဦးနဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က  ဖွဲ့စည်းခဲ့ပါတယ်။
 အဲဒီ ၂၁   ဦးကို ဥပဒအရ လွတ်ကင်းမှသာ နိုင်ငံရေးတည်ထောင်ခွင့်ကို ပြည်ထောင်စု   ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုမယ်လို့ သိရပါတယ်။ 
 DVB 
Subscribe to:
Post Comments (Atom)




 
 
 
 

 
 
 





 
 
 
 
 
 
 
.jpg) 
 
 
 
0 comments:
Post a Comment