Tuesday, January 10
ကူးတို့ဆိပ် မီးလောင်ပေါက်ကွဲမှုအား ဖော်ထုတ်ရန် အထူးခုံရုံးအဖွဲ့ ရုံးထိုင်
 ရန်ကုန်တစ်မြို့လုံး  တုန်လှုပ်ခဲ့ရသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်  မီးလောင်ပေါက်ကွဲမှုနှင့် ပတ်သက်၍ အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့က ဇန်နဝါရီလ  ၁၀ ရက်တွင် ခုံရုံးဖွဲ့၍ ရုံးထိုင်စစ်ဆေးမှု စတင်ခဲ့ကြောင်း သိရသည်။
 ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ  အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အင်းစိန်မှုခင်းတပ်ဖွဲ့နှင့်  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအောက်ရှိ  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဦးစီးဌာနတို့မှ ပြန်တမ်းဝင်  အရာရှိကြီးများပါဝင်သည့် အထူးစုံစမ်းရေးအဖွဲ့သည် ရန်ကုန်မြို့ရှိ ပြည်ထဲရေး  ဝန်ကြီးဌာနရုံးဟောင်း (ယခုပတ်စပို့ရုံး)တွင် ရုံးထိုင်ကာ ယင်းအမှုအား  စစ်ဆေးနေကြောင်း အင်းစိန်မှုခင်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 “ဒီနေ့က  တာမွေမီးသတ်က သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေရယ်၊ အရာရှိတွေရယ်ကို စစ်မေးတယ်။  သူတို့ရဲ့ဖြေကြားချက်တွေကို အဖွဲ့က လေ့လာ သုံးသပ်ပြီး မကြာခင်  ထုတ်ပြန်မှာပါ”ဟု ယင်းရဲအရာရှိက ဆိုသည်။
 ယင်းအဖွဲ့အနေဖြင့်  အဆိုပါရပ်ကွက် အတွင်းနေထိုင်သူ ပြည်သူတစ်ချို့ကိုလည်း ခုံရုံးသို့ခေါ်၍  စစ်ဆေးမည်ဖြစ်ကြောင်း ယင်းရဲအရာရှိက ဆက်လက် ပြောကြားသည်။
 ကူးတို့ဆိပ်မီးလောင်ပေါက်ကွဲမှုအား  ဖော်ထုတ်ရန် ဒု-သမ္မတစိုင်းမောက်ခမ်းမှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန  ညွှန်ချုပ်နှင့် အင်းစိန်မှုခင်းတပ်ဖွဲ့ (အောက်မြန်မာနိုင်ငံ) ၏  ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးညိန်းအား တာဝန်ပေးထားကြောင်း သိရသည်။
 “ခုံရုံးဖွင့်ရတယ်ဆိုတာကလည်း BSI က ညွှန်ချုပ်တောင်းဆိုလို့ပါ”ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဆိုသည်။
 မီးလောင်ပေါက်ကွဲသည့်မြေနေရာတွင်  အစိုးရချင်းသာ ချိတ်ဆက်ရောင်းဝယ်နိုင်ပြီး မီးလောင်ဗုံးနှင့်  စိတ်ကြွဆေးများ ထုတ်လုပ်ရာတွင် အသုံး ပြုသည့်  Red Phosphrous များ  တွေ့ရှိသည်ဟူသည့် သတင်းများ ထွက်ပေါ်နေသည်ဟု  yangon chronicle သတင်းကဆိုသည်။
Subscribe to:
Post Comments (Atom)




 
 
 
 

 
 
 





 
 
 
 
 
 
 
.jpg) 
 
 
 
0 comments:
Post a Comment