
ဒါရိုက်တာ  ဝိုင်း ရိုက်ကူးတဲ့ ‘အဲဒီအခန်း ဖြတ်’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဆရာ ဒေါက်တာ  ခင်မောင်လွင်ရဲ့ ခံစားချက် အမြင်ကို မေးကြည့်တော့ ”ဒီဇာတ်ကား နိဂုံးမှာ ရေး  သားထားတဲ့ အတိုင်း မကြောက်မရွံ့ သရုပ်ဆောင်ပေးသော သရုပ်ဆောင်များကို  ကျေးဇူးတင်တယ် ဆိုတဲ့စကားကို သဘောကျတယ်။ ဘာလို့လဲဆိုရင် သရုပ်ဆောင် ဆိုတာ  သရုပ်ပါအောင် လုပ်ရတယ်။ သရုပ်ပါအောင် လုပ်တဲ့ နေရာမှာ သူ့ရဲ့ပင်ကို  အနုပညာနဲ့ ဖျော်ဖြေ ရတဲ့သဘော ရှိတယ်။ မှတ်ချက် အနေနဲ့ တကယ် အဖြစ်မှန်က  ဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆင်ဆာ အဖွဲ့မှာ ၁၉၉၈ ကနေ  ၂ဝ၁ဝထိ လုပ်ခဲ့တယ်။ ဆင်ဆာ အဖွဲ့ထဲမှာတော့ ဒီလိုမျိုး မဟုတ်ဘဲ ပွင့်ပွင့်  လင်းလင်း ညှိနှိုင်း ဖြေရှင်းရတာတွေ ရှိပါတယ်။ ဒီမိုကရေစီ စနစ်ကို  ကျင့်သုံးရတဲ့ အပိုင်းတွေလည်း ရှိတယ်။ လက်သီးထိုး မယ့်အစား ဆုံးဖြတ်ချက်  ချတဲ့နေရာမှာ တစ်ယောက်ကို တစ်ယောက် သဘော မတူညီတဲ့ အချက်တွေ ရှိပေမယ့်  အများဆန္ဒနဲ့ ဆုံးဖြတ်ကြပါတယ်။ အများနဲ့ တစ်ယောက်ဖြစ်ရင် အရှုံးပေး  ရတာမျိုးတွေ ရှိတယ်။ ဌာန ဆိုင်ရာတွေရဲ့ လုပ်ထုံး လုပ်နည်းတွေ ကြားထဲမှာ  ရုန်းမထွက်နိုင်ခဲ့ တာတော့ အမှန်ပါ။ အခုဆိုရင် ဆင်းရဲမွဲတေတဲ့ အပိုင်းတွေ၊  ဥပဒေနဲ့ ပတ်သက်ပြီး အားနည်းချက် ရှိတဲ့ အခန်းတွေကို နိုင်ငံတော်ကိုယ်၌က  ပွင့်ပွင့်လင်းလင်း ပြောလာပါပြီ၊ ၂ဝ၁၁ခုနှစ် ဆွေးနွေးတဲ့ အချိန်မှာ  ပွင့်ပွင့်လင်းလင်း ပဲပြောကြတယ်။ တိုင်းပြည် တိုးတက် စေချင်ရင် အမှန်ကို  မြင်ဖို့ လိုတယ်။ အခြေအနေမှန်ကို တင်ပြပေးတဲ့ အနုပညာ သမားတွေကို  ကျေးဇူးတင်တယ်။ ရှုထောင့် အရပြောရရင် အနုပညာက လူအများ ကြိုက်ရမယ်။ စာရေးဆရာ  အမြင်အရ ဆိုရင် ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ့်ရပ်တည်ချက်နဲ့   ကိုယ်ပဲလေ၊ ကွဲပြားသော်လည်း မဏ္ဍိုင်အနေ နဲ့ မီဒီယာကို တန်ဖိုး ထားတဲ့ခေတ်မှာ  မီဒီယာ ဘက်က ကိုယ့်ရဲ့ဆောင်ရွက်ချက်ကို ကိုယ် တာဝန်ယူနိုင်စွမ်း ရှိရမယ်။  တင်ပြလိုက်တဲ့ အနုပညာမှာ ခိုင်မာတဲ့ ထုထည် အမှန်တရား ကို သေသေချာချာ  စုစည်းပြီး ဖန်တီးမယ်ဆို ရင် သမိုင်း တွင်နိုင်ပါတယ်။”လို့ ပြောပါတယ်။
လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် မှာ ဒီဇာတ်ကားက ပရိသတ် အကြိုက်ဆုံး  ဆုရရှိခဲ့တဲ့ အပေါ် ဆရာ့အမြင်ကို မေးကြည့်တော့ ”ပရိသတ် တစ်ယောက် အနေနဲ့  ကြိုက် နှစ်သက်တယ်။ ပရိသတ် အားလုံးလည်း ကြိုက်မှာပါ။ ကြည့်လိုက်တဲ့  လူတစ်ယောက် က ပျော်ရွှင်နိုင်တယ်။ လောကကြီးမှာ အမြီးအမောက် မတည့်ဘဲ  လွဲချော်နေတာကို ဟာသရသ ပေါ်လွင်ပါတယ်။ တကယ့် အတွင်းထဲ မှာ ဒီလိုမျိုး  မဟုတ်ပါဘူး။ အနည်းငယ်တော့ ရှိကောင်း ရှိလိမ့်မယ်။ တစ်ကမ္ဘာလုံးနဲ့  ယှဉ်လိုက်ရင် ပရိသတ် အားလုံး ကြိုက်အောင် လုပ်ကြတယ်။ ဒါကို အမှန်တရားလို့  ပြောမရဘူး။ ဖျော်ဖြေရေးတော့ ကြိုက်နှစ်သက်တယ်။ ဒီ အချက်အလက်တွေကို  ခိုင်လုံအောင် လေ့ လာဖို့ လိုတယ်” လို့ ပြောပါတယ်။
ဆင်ဆာ အဖွဲ့မှာ  အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံကို မေးကြည့်တော့  ”ကြည့်ရှုမှု အပိုင်းမှာ သူ့ ရှုထောင့် အနေနဲ့ သူကြည့်ကြတယ်။ အဲဒီလို  ကြည်တဲ့အခါ ရပ်တည်ချက် မတူလို့ ထိပ်တိုက် ဖြစ်ကြတာတွေလည်း အများကြီးပဲ၊  အဲဒီ အချိန်တုန်းက ရှိနေတဲ့ မူဝါဒနဲ့သာ အကိုက်ညီဆုံး ဖြစ်အောင် ဆောင်ရွက်  ကြတယ်။ အခု ပြောင်းလဲလာတဲ့ အခြေအနေမှာ ဒီလိုမျိုးတွေ မဖြစ်သင့်ဘူး။  အရင်တုန်းက ရုပ်ရှင်၊ ဗီဒီယိုက တစ်နှစ်ကို ဇာတ်ကား(၁ဝဝဝ)ကျော် လောက်  ကြည့်ရတယ်။ တော်တော်လေး ငြီးငွေ့အောင် ကြည့်ရတယ်။ ကြည့်ပြီး ပျော်ရွှင်ရတဲ့  ဇာတ်ကားက ဘယ်လောက်မှ သိပ်မရှိဘူး။ စိတ်ထဲ မှာ ဟာသ ရသလေး ရသွား တာမျိုး မရှိ  သလောက်ပဲ၊ စိတ်ထဲ အမြဲညစ်ရတယ်။ ပြတဲ့ ပြကွက်တွေက လိုအပ်ချက်တွေ ရှိကြတယ်။  အခုဟာက ရုပ်ရှင်၊ဗီဒီယို၊ ဒီဗီဒီ အပြင် တခြား ဖျော်ဖြေရေးတွေ  ဝင်လာတယ်။ Cyber Space တွေ များလာတယ်။ ဆင်ဆာ ဆိုတာ အလှမ်းမမီတဲ့  ကမ္ဘာလောကကြီးက အများကြီး ကျယ်ဝန်းလာတယ်။ ဒါကို သိထားရ တယ်။   မြန်မာနိုင်ငံသား အားလုံးကို ကိုယ်စားပြုတဲ့ ရပ်တည်ချက်တွေ ရှိကြရမယ်။  မြန်မာ့ ရိုးရာယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင် ဓလေ့ ထုံးစံတွေ ညီမျှအောင် သင်ခန်း  စာ ရမယ့် ဟာမျိုး လိုအပ်တယ်၊ ဂုဏ်ကို ဖော် ဆောင်ပြီး နိုင်ငံတကာကို  ထိုးဖောက်နိုင်မယ် ဆိုရင် ဝမ်းသာစရာ ကောင်းတယ်”လို့ ပြောပါတယ်။
  ထွဋ်မြတ် (ပေါ်ပျူလာဂျာနယ်)
 
0 comments:
Post a Comment