Saturday, February 11
Michelle Yeoh Photoshoots May 2008
Subscribe to:
Post Comments (Atom)
တိုင်း ။နိုင်ငံအနှံ့ ခွပ်ဒေါင်း ပြန်လာပြီ
ရှင်းသန့် တဲ့ လေ..
နွေးထွေးတဲ့ နေ
စိမ်းလမ်းတဲ့မြေ..
မိုးသားအောက်ခြေက
နေ့ ကလေးတနေ့ ပေါ့။
ဒီနေ့ ဟာ အမေ့ အသက်
၆၆ နှစ်ပြည့်ပြီ။
နှောင်ကြိုးမဲ့ လွတ်လပ်
အနာဂတ်အတွက် ဘ၀ပုံအပ်
အကောင်းဆုံးအတွက်သုံးသပ်
မနက်ဖြန်ကို ရဲရင့်စွာဖြတ်
သူမလေ..မိန်းမမြတ်။
လက်နက် မလိုဖူး။
စိတ်ဓါတ်ဘဲ လိုတယ်။
နောက်ဆုတ်ဖို့  မလိုဖူး။
အားမပျက်ဖို့ ဘဲလိုတယ်။
တယောက်ကောင်း မလိုဖူး။
ရှိသမျှနဲ့ ညီညွတ်ကြဖို့ ဘဲလိုတယ်။
အကောင်းဆုံးတွေကိုဘဲ မတမ်းတ
အဆိုးဆုံးတွေကို အဆုံးသတ်ဖို့ သာ ဖြစ်တယ်။
ညီညွတ်ရေးအတွက်..သူမသည်သာ တရားရှင်။
သမာဓိ လူပီသသော..တန်ဘိုးပိုင်ရှင်။
ငြိမ်းချမ်းသော မေတ္တာ၏လက်နက်..
အားအင်နဲ့သူ ရှေ့ ဆက်ဆဲ။
တနေ့ တလံ ပုဂံဘယ်ပြေးမလဲ။
အာဇာနည် သွေးပေါက်
သေသည်တိုင် ဒူးမထောက်
နေဆယ်နွေအောက်
ကြယ်စင်ပျောက်လည်း
လမ်း ဆက်လျှောက်မဲ့သူ
မီးလျှံထဲက နိုးထဆဲဌက်
ဂန္ဓ၀င်တွင်သော မီးဌက်..
အမေ့အသက် ရာကျော်စေ။
ကြာသပတေး, ဧပြီ 10, 2025
0 comments:
Post a Comment