![]() |
ဒေါ်အောင်ဆန်းစုကြည် ကျွန်းစုမြို့ နယ် စည်းရုံးရေးခရီးသွားရောက်ခဲ့စဉ် |
ဦးကျားမောင်၊ကျွန်းစုမဲဆန္ဒနယ်၊စီးပွါးရေးလုပ်သောနေရာ)တွင်သဲချောင်းကျေးရွာ
အုပ်ချုပ်ရေးမှုးဦးလှအေး၊ပြည်ခိုင်ဖြိုးရပ်ကျေးအဆင့် အတွင်းရေးမှုးဦးသန်းရီ၊ကျေးရွာနေအမျိုးသားလွှတ်တော်အမတ်ဦးကျားမောင်၏
တပည့်ကျော်ဦးတင်ငယ်(ထိုင်းနိုင်ငံသို့တရားမ၀င်သစ်မှောင်ခိုကုန်ကူးနေသူ)
များကသဲချောင်းရွာသားများအားလက်မှတ်များကို အတင်းအဓမ္မ ယနေ့ညနှင့် ၁၆၊၅၊၂၀၁၂တွင်အပြီးလိုက်လံထိုးခိုင်းနေပါသည်။
ခေါင်းစဉ်မှာရွာသားများသည်ဒေါ်အောင်ဆန်းစုကြည်အားမဲပေးခြင်းဖြစ်သည်။
ဒေါ်တင်တင်ရီအားမဲပေးခြင်းမဟုတ်ဟုဆိုခြင်း။ ဒေါ်တင်တင်ရီနှင့်အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်သည်ရွာသားများအားလမ်း၊တံတား။ကျောင်း၊ဓမ္မာရုံ။ဘိလပ်မြေများလုပ်ဆောင်ခြင်း၊
ပေးဆောင်ခြင်းမရှိ။ ပြည်ခိုင်ဖြိုးမှဦးချစ်သန်းမှသာလျှင်အာလုံးလုပ်ဆောင်ပေးနိုင်သည်။
ထို့ကြောင့် NLD မှ ဒေါ်တင်တင်ရီအားပြန်လည်ကန့်ကွက်ပြီး။ပြည်ခိုင်ဖြိုးမှဦးချစ်သန်းအား
ထောက်ခံပါသည်ဆိုသော အချက်များဖြင့်ရွာသားများအားအတင်းလိုက်လံလက်မှတ်
ထိုးခိုင်းနေပါသည်။ ယခုအချိန်ထိရွာသားများကလက်မှတ်ထိုးပေးခြင်းမရှိသေးကြောင်း။
၁၆၊၅၊၂၀၁၂ရက်နေ့မနက်ပိုင်းတွင်ထိုသူများမှအုပ်စု ၃ စုခွဲပြီးလိုက်လံ
ထိုးခိုင်းမည်ဖြစ်ပါကြောင်းကို ထိုရွာခံနှင့်တဆင့်ဖုန်းပြောထားသောအသံဖိုင်ကိုပူးတွဲပြီး
သတင်းတင်ပြလိုက်ပါသည်ခင်ဗျား။
ကျွန်းစုမြို့နယ်အခြားကျေးရွာများတွင်ပါထိုသို့လိုက်လံလုပ်ဆောင်နေပါကြောင်းကိုလဲ
ရွာခံများမှသတင်းပေးသည်။
0 comments:
Post a Comment