Sunday, January 1

ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက်များကိုစောင့်ကြည် ရန် ဒေါက်တာသန်းထွဋ်အောင် ညွန်ကြား

ဒေါက်တာသန်းထွဋ်အောင်
နိုင်ငံကျော် အလဲဗင်းမီဒီယာအုပ်စု၏ အကြီးအကဲ ဒေါက်တာသန်းထွဋ်အောင်သည် ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားနည်းချက် များကို စောင့်ကြည့်မှတ်တမ်းတင်ရန် ၎င်း၏ သတင်းထောက်တစ်ချို့ကို ညွန်ကြားထားကြောင်း ရန်ကုန်မြို့ စာနယ်ဇင်အသိုင်းက ပြောကြားသည်။
အားစားဂျာနယ်ထုတ်ဝေရာမှတဆင့် သတင်းဂျာနယ်ထုတ်ဝေပြီး နာမည်ကျော်ကြားသူ ဒေါက်တာသန်းထွဋ်အောင်သည် မြစ်ဆုံအရေးကို အကြောင်း ပြုပြီး နိုင်ငံရေးလုပ်ရန် ခြေလှမ်းပြင်နေကာ ၎င်း၏ဖေ့ဘုတ်တွင် ၈၈အရေးခင်းကာလက နိုင်ငံရေးလှုပ်ရှားမှုများကို တင်ထားကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
နိုင်ငံရေးလုပ်ခြင်းအပါအ၀င် ဘ၀ပုံသဏ္ဍန်ကို လူတစ်ဦးချင်း လွတ်လပ်စွာရွေးချယ်ခွင့်ရှိကြောင်း သို့ရာတွင် အောက်လမ်းနည်း ဖြတ်လမ်းနည်းများ သုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း  ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်အဖွဲ့မှ အလဲဗင်းကို ဆုချီးမြှင့်ခဲ့ရာ ထိုင်းနိုင်ငံ ချင်မိုင်အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော် ထောက်ခံပေးခဲ့ကြောင်း ဦးအောင်ဇော်သည် ဘက်မလိုက်သည့် မီဒီယာသမား ရပ်တည်ချက်အကြောင်းပြုပြီး နာမည်ကြီးသူ များကို တိုက်ခိုက်ကာ နာမည်ကြီးအောင်လုပ်သူတစ်ဦးဖြစ်သဖြင့် ဒေါ်စုကို တိုက်ခိုက်ရန် ကြိုးစားနေကြောင်း ၀ါရင့် အယ်ဒီတာတစ်ဦးက ပြောကြားသည်။
 နိင်ငံရေးလုပ်ခြင်း၊ မလုပ်ချင်းသည် ဒေါက်တာသန်းထွဋ်အောင်၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်သော်လည်း နိင်ငံရေးလောဘတက်ပြီး အောက်လမ်း နည်း ဖြတ်လမ်းနည်းများသုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည် ဟု  yangonchronicle သတင်း မှာ ဖော်ပြထားပါသည်။
 Source: http://transparencymyanmar2010.blogspot.com/search?updated-min=2012-01-01T00:00:00%2B08:00&updated-max=2013-01-01T00:00:00%2B08:00&max-results=1
By: သစ်ထူးလွင်
အဆိုပါ သတင်းနဲ့ ဆက်စပ်ပြီး မကြာသေးခင်ကထွက်ပေါ်ခဲ့တဲ့ ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဦးအောင်ဇော် ရဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်  အပေါ်ဝေဖန်မှုကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

ဧရာဝတီ နှင့် ဒီဗွီဘီ ဒေါ်အောင်ဆန်းစုကြည် ကြောင့် ရန်ပုံငွေ ဖြတ်တောက်ခံရတယ်လို့ ဆို 

ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်အောင်ဇော်

ပြီးခဲ့သည့်နှစ် ဒေါ်စုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ချိန်မှ စပြီး ယင်းတို့၏ ရန်ပုံငွေ သုံးပုံ တစ်ပုံခန့် ဖြတ်တောက် ခံခဲ့ရကြောင်း ထိုင်းအခြေစိုက် Irrawaddy Media Group နဲ့ နော်ဝေအခြေစိုက် Democratic Voice of Burma (DVB) က ပြောကြားခဲ့ပါတယ်။ အဲဒီလို ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် အဆိုပါ သတင်းဌာနတွေရဲ့ လုပ်ငန်း လည်ပတ်မှုတွေ ထိခိုက် နစ်နာခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။

နိုင်ငံတကာ အလှူရှင်များက ၎င်းတို့အတွက် ရန်ပုံငွေတွေ လျှော့ချခြင်းနဲ့ ပတ်သက်ပြီး ဒေါ်စုကြည်နဲ့ NLD တို့ဟာ အဓိက တရားခံတွေ ဖြစ်ကြောင်း ထိုင်းနေ့စဉ်ထုတ် သတင်းစာ Matichon နဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှ ဧရာဝတီ မီဒီယာ အုပ်စုရဲ့ အယ်ဒီတာချုပ် အောင်ဇော်က ပြောဆိုခဲ့ပါတယ်။ 
ပြည်ပြေး မီဒီယာတွေကို ရန်ပုံငွေ ပေးမယ့်အစား NLD ရဲ့ လူမှု အဖွဲ့အစည်းတွေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အစီအစဉ်တွေအတွက် လှူဒါန်း ပေးကမ်းသင့်တယ်လို့ ဒေါ်စုကြည်ရဲ့ ဆွဲဆောင် တောင်းဆိုမှုတွေကြောင့် ဧရာဝတီ မီဒီယာအနေနဲ့ ၎င်းတို့ နှစ်စဉ် ရနေတဲ့ ရန်ပုံငွေတွေထဲက တစ်သန်းကျော် ဖြတ်တောက်ခံရပြီး DVB အနေနဲ့ ယူရိုငွေ ၅သိန်းခန့် ဖြတ်တောက်ခံရတယ်လို့ ဆိုကြပါတယ်။
Facebook စာမျက်နှာမှကူးယူဖော်ပြသည်

0 comments:

Post a Comment