လာမယ့် ၂၀၁၅ ဗိုလ်ချုပ်ရာပြည့်မွေးနေ့သို့
Wednesday, February 15
လာမယ့် ၂၀၁၅ ဗိုလ်ချုပ်ရာပြည့်မွေးနေ့သို့...
လာမယ့် ၂၀၁၅ ဗိုလ်ချုပ်ရာပြည့်မွေးနေ့သို့
ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၇နှစ်မြောက် မွေးနေ့ပါ။
လာမယ့် ၂၀၁၅ဆိုရင် ဗိုလ်ချုပ်ရဲ့ ရာပြည့်မွေးနေ့ကျရောက်ပါမယ်..။ တိုက်တိုက်ဆိုင်ဆိုင် ၁၉၁၅မှာ မွေးဖွားတဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်ရဲ့ ၇၅နှစ်ပြည့်မြောက် စိန်ရတုမွေးနေ့ ကျရောက်ခဲ့တဲ့ ၁၉၉၀ခုနှစ်ဟာလည်း မြန်မာနိုင်ငံရဲ့ အာဏာရှင်တွေ အလူးအလိမ့် အရှိုက်ထိုးခံလိုက်ရတဲ့ ကမ္ဘာကျော် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး ပြုလုပ်ခဲ့တဲ့ နှစ်ဖြစ်ပြီး ဗိုလ်ချုပ်သမီး အမေစုရဲ့ အဖွဲ့ချုပ်ပါတီကို ပြည်သူလူထုက ပြတ်ပြတ်သားသား မဲပေးပြီး အနိုင်ရခဲ့တာပါ။
ထို့အတူ ဗိုလ်ချုပ် ရာပြည့်မွေးနေ့ ကျရောက်မယ့် လာမယ့် ၂၀၁၅ခုနှစ်မှာ ကျင်းပမယ့် ပြည်လုံးကျွတ် ရွေးကောက်ပွဲမှာလည်း ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်လာအောင် အဖွဲ့ချုပ်ကို ပြတ်ပြတ်သားသား မဲပေးပြီး အာဏာရှင်စံနစ်ကို မြန်မာ့မြေပေါ်က အပြီးအပိုင် တောထုတ်ကြရမှာ ဖြစ်ပါတယ်..။
ထို့အတွက် ဗိုလ်ချုပ်ကိုချစ်တဲ့ ဗိုလ်ချုပ်သားသမီး၊ မြေးမြစ်များမှ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရေစီ ဘက်တော်သားတွေ ပြည်သူ့အာဏာ ပြည်သူ့ကို ပြန်လည်ပေးအပ်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပြီး လာမယ့် ၂၀၁၅နှစ်မှာ နှစ်၁၀၀ပြည်မယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ ကျွန်တော်တို့ လွတ်လပ်ရေးဖခင်ကြီးကို ထိုက်ထိုက်တန်တန်နဲ့ မွေးနေ့လက်ဆောင် ပေးနိုင်ဖို့ ကျွန်တော်တို့အားလုံး ကြိုးပမ်းဆောင်ရွက် ကြပါစို့လို့ ဗိုလ်ချုပ်မွေးနေ့မှာ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်..။
ဒီမိုဝေယံ
လာမယ့် ၂၀၁၅ခုနှစ် ဗိုလ်ချုပ်ရာပြည့်မွေးနေ့မှာ ဗိုလ်ချုပ်အတွက် အတုပ္ပတ္တိရုပ်ရှင်နဲ့ လွှတ်တော် တဝိုက်မှာ ဒေါင်းအလံပြန်စိုက်ပြီး ထိုက်ထိုက်တန်တန် မွေးနေ့လက်ဆောင် ပေးမည်...။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားမှ အမေစုနှင့် အနုပညာရှင်များ...
ဒီပွဲမှာ အမေစုက ပြောတယ်တဲ့ အမေငယ်ငယ်က သူ့အဖေနာမည်ကို အားလုံးက ဗိုလ်ချုပ်လို့ ခေါ်နေကြတော့ အဖေနာမည်ကို ဗိုလ်ချုပ်လို့ပဲထင်နေတာတဲ့.. သြော် ပြည်သူတွေချစ်တဲ့ ငါတို့ဗိုလ်ချုပ်နဲ့ ငါတို့အမေ....
ဓာတ်ပုံ... AP,Getty Images
ယနေ့ကျင်းပ ပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား)နှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်း ဖွင့်လှစ်ခြင်းအခမ်းအနား (ဓာတ်ပုံများ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment