Monday, January 16

အရေးယူပိတ်ဆို့မှုများ တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားမည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

w7_16_20
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppe နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ရန်ကုန်မြို့တွင် ဇန်န၀ါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်
မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ၁၄ ရက်နေ့က ရောက်ရှိလာခဲ့သော ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppe သည် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ရှိ သူမ၏နေအိမ်သို့ ဇန်န၀ါရီလ ၁၅ရက်နေ့ နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုမှာ ၁နာရီနီးပါးခန့် ကြာမြင့်ခဲ့ပြီး ပထမဦးစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေကြသည့် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများအား ပြင်သစ်ဘာသာဖြင့် ပြောကြားခဲ့ပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppe က ပြင်သစ်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ပြောကြားခဲ့ပါသည်။  ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး က မြန်မာနိုင်ငံတွင်ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ ကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ကြောင်း တို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။
''ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေ ပေါ်မူတည်ပြီး အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားသွားမှာဖြစ်ပါတယ်''ဟု ပြင်သစ်နိုင်ငံခြား ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppe သည် မြန်မာနိုင်ငံသို့ ပြင်သစ်နိုင်ငံမှလာရောက်သည့် သံတမန်များထဲတွင် အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက လာမည့်ကြားဖြတ်ရွေးကောက်ပွဲများကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
EMG

0 comments:

Post a Comment