Tuesday, January 31

ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယမှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်

Bridging South and South East Asia ဆွေးနွေးပွဲ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ Jamia Millia Islamia တက္ကသိုလ်တွင် ဇန်နဝါရီ ၃ဝ ရက်နေ့က ပြုလုပ်သည့် Bridging South and South East Asia ဆွေးနွေးပွဲ၌ ကြံ့ခိုင်ရေးပါတီ အကြံပေးပုဂ္ဂိုလ် ဦးဝင်းမြင့် ဆွေးနွေးနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
ဇန်နဝါရီလ ၃၀ရက်နေ့တွင် Bridging South and South East Asia ခေါင်းစဉ်ဖြင့် အိန္ဒိယနိုင်ငံ ဒေလီမြို့တွင်ရှိ သည့် Jamia Millia Islamia တက္ကသိုလ်မှ နှစ်ရက်ကြာ ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်မည်ဟု ယင်း ဆွေးနွေးပွဲသို့ တက်ရောက်သူတစ်ဦးထံမှ သိရသည်။
“အဲဒီ ဆွေးနွေးပဲလုပ်တဲ့ တက္ကသိုလ်ကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာဘွဲ့ ပေးအပ်မှာလို့ Jamia Millia Islamia တက္ကသိုလ်က ဒုတိယပါမောက္ခချုပ် မစ္စတာ နာဂျိယန်းက အဖွင့်မိန့်ခွန်းမှ ပြောသွားတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့တက္ကသိုလ်က ပေးတဲ့ဘွဲ့ကို ဒေါ်အောင်ဆန်း စုကြည်က သူတို့ဆီကိုလာပြီး ချီးမြှင့်လက်ခံမယ်ဆိုရင် တက္ကသိုလ်ကနေ အခမ်းအနားနဲ့ ပြုလုပ်ချင်တဲ့အကြောင်းပါပြောသွားပါတယ်” ဟု ထိုဆွေးနွေး ပွဲသို့ တက်ရောက်သူ တစ်ဦးမှ ပြောကြားသည်။
ယင်းဆွေးနွေးပွဲအား အိန္ဒိယမှ သံအမတ်များ၊ အမတ်များနှင့် မြန်မာနိုင်ငံမှ NGO အဖွဲ့များနှင့် တက္ကသိုလ်ပညာရှင်များလည်း တက်ရောက် ဆွေးနွေးသည်ဟု နိုင်ငံခြားသတင်းဆိုက်များမှ သိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှလည်း ပါကစ္စတန်သမ္မတမှ ဘနီဇီယာဘူတို ဒီမိုကရေစီဆုအား ၎င်း၏ နေအိမ်၌ ချီးမြှင့်ပေးအပ်ခဲ့သည်ဟုလည်း သိရသည်။
ATM

0 comments:

Post a Comment