Sunday, January 29

"ဓားဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်"


"ဓားဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်" တဲ့ အားလုံး နားလည်အောင် ဘာသာပြန်ပေးရရင် ဂူလောင်း ဆိုတာ အကုန်လုံးလို့ ဆိုလိုတာဖြစ်ပြီး ရှစ်ဟယ် ဆိုတာ ချစ်တယ် လို့ဆိုလိုတာပါ။ ဒါကြောင့် "ထားဝယ်သား အကုန်လုံး အမေစုကို ချစ်တယ်" လို့ အဓိပ္ပာယ် ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့လွတ်လပ်ရေးတပ်မတော် BIA ဟာ ဗြိတိသျှလက်အောက်မှ မြန်မာပြည်ကို သိမ်းတော့ တနင်္သာရီတိုင်းကနေ စတင်ခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီစည်းရုံးရေးခရီးစဉ်ကိုလည်း တနင်္သာရီတိုင်းကနေ စတင်လိုက်ပါတယ်။ မြန်မာဆိုရိုးစကားမှာ အစကောင်းမှ အနှောင်းသေချာမယ် ဆိုတဲ့စကားပုံ ရှိသလို မြန်မာလူမျိုးတွေမှာ ပွဲဦးထွက်မှာ ကောင်းမှ စုတ်လာဘ်ကောင်းပြီး အောင်မြင်မယ်ဆိုတဲ့ အတိတ်နမိတ်ကိုလည်း ယုံကြည်မှုလည်း ရှိကြပါတယ်။ အခု စလိုက်တဲ့ ပွဲဦးထွက် စည်းရုံးရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တနင်္သာရီတိုင်းက စလိုက်တာ မှန်သွားပြီ (သစ်ထူးလွင်ဘလော့ဂ်) လို့ ပြောဆိုလိုက်ရတဲ့ အကြောင်းအရင်းကိုတော့ ဘလော့ဂ်အသီးသီးက ပြန်လည်ကူးယူဖေါ်ပြထားတဲ့ အောက်ပါ ဓာတ်ပုံတွေကို ကြည့်ပြီး ခံစားနားလည်နိုင်မှာ အမှန်ပဲ။ တနင်္သာရီတိုင်းမှသည် မြန်မာတပြည်လုံးသို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်များ အောင်မြင်စွာ ဆက်လက်ချီတက်နိုင်ပြီး အောင်ပန်းဆွတ်ခူးနိုင်ပါစေ...


ကိုထက်အောင်ကျော် ဘလော့ဂ်မှ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမနက် ၈-နာရီ ၀န်းကျင်းမှာ ထားဝယ်မြိုဆီ လေယဉ်နဲ့ရောက်ရှိလာပီး ထားဝယ်နဲ့ လောင်းလုံးမှာ ပါတီအစည်းတွေ။ လူထုဟောပြောပွဲေ တွ ဆက်လုပ်နေ တယ်လို့သိရပါတယ်။



တနသာင်္ရီတိုင်း ဥက္ကဌ ဦးလှမင်းအပါဝင် ထားဝယ်။ လောင်းလုံး။ ရေဖြူ။ သရက်ချောင်းနဲ့ ပုလောမြို နယ် တွေကပါတီဝင်တွေ။ ဒေသခံလူထုတွေက လေယဉ်ကွင်းအထိ လာကြိုကြတယ်လို့ ပါတီဝင်လူငယ် တွေကပြောပါတယ်။


လေယဉ်ကွင်းကနေ ထားဝယ်မြိုနယ်ရုံးဆီဝင်ပီး အဲဒီမှာ ပါတီဝင်တွေနဲ့ဆွေးနွေးတာ။ လူထုကို နှုတ်ဆက် တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ ၉-နာရီကျော်ကျော်မှာတော့ ထားဝယ်ကနေ ကမြောကင်းတံတား ကိုဖြတ်ပီး လောင်းလုံးမြိုနယ်ဆီခရီးထွက်ခဲ့ကြောင်း။ လောင်းလုံးမြိုနယ် ပါတီရုံးခန်းရှေ့ကနေ လူထုကို စကားပြောခဲ့ကြောင်း။ အဲဒီနောက် အောက်ရေဖြူရွာကို ဆက်ဆင်းပီး အဲဒီမှာလဲ လူထုဟောပြောပွဲတခု ထပ်လုပ်သေးတယ်လို့သိရပါတယ်။




၁၂-နာရီကျော်ကျော်ခန့်မှာတော့ အောက်ရေဖြူကနေ လာလမ်းအတိုင်းပြန်လှည့်ပီး ကမြောကင်းတံတား အလွန် သောကြာပြင်ဈေးမှာခရပ်။ ပီးတော့ မောင်းမကန်ကမ်းခြေကို ဆက်သွားပီး အဲဒီမှာ လူထုဟော ပြောပွဲတခုလုပ်ခဲ့တယ်လို့ ပါတီဝင်လူငယ်တွေကပြောပါတယ်။

မောင်းမကန်ကအပြန်မှာတော့ ထားဝယ်မြိုဆီဝင်ပြီး လေယဉ်ကွင်းအသွားလမ်းပေါ်ရှိ တော်ဝင် စတိုးပေါ်က နေ ထားဝယ်လူထုကို စကားပြောခဲ့တယ်လို့သိရပါတယ်။ ၄-နာရီကျော်ကျော်မှာတော့ ထားဝယ်ဒေသခရီးစဉ်ပီးဆုံးလို့ ရန်ကုန်မြိုဆီ လေယဉ်နဲ့ပြန်သွားပီလို့ ဒေသခံတွေဆီက သိရပါတယ်။
...................................................................................................................................







ပုလော။ သရက်ချောင်း။ ရေဖြူနဲ့လောင်းလုံးမြိုနယ်တွေမှ ပါတီဝင်များရဲ့ကြိုဆိုမှု
.............................................................................................................................

လောင်းလုံးမြိုနယ်သို့အသွားလမ်းမှာ...





လောင်းလုံးမြိုနယ် အမတ်လောင်း ဦးအောင်စိုး
............................................................................................................................


ထားဝယ်စကားနဲ့ ကြိုနေသူများ-

ထားဝယ်လူထုနဲ့ ဒေါ်စု









ထားဝယ်ရုံးရှေ့မှာ-

ထားဝယ်လူထုနဲ့ ဒေါ်စု-
လောင်းလုံးမြိုနယ်မှာ-






ထားဝယ်မှ မထွက်ခွါခင် ထားဝယ်လူထုအား တော်ဝင်စတိုးပေါ်ကနေ မိန့်ခွန်းပြောနေစဉ်








လောင်းမြိုနယ်အတွင်းက ကြိုဆိုမှုများ--















ဒီကနေ့ မနက်ပိုင်းက ကျွန်တော်တို့ အမေစု ထားဝယ်မြို့ကို ရောက်ရှိလာပါတယ်..။ ဒီလို သောင်းသောင်းဖြဖြ လူထုက ကြိုဆိုကြပါတယ်..
Getty Images
ကြိတ်ကြိတ်တိုးစည်ကားနေသော ထားဝယ်ကားလမ်းတနေရာ
The Voice Weekly

ထားဝယ်ပြည်သူလူထု သိန်းချီ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြသည်။ ထားဝယ်မြို့ခံအချို့က ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို လက်ပြရင်း မျက်ရည်များ ကျကာ အော်ဟစ် ငိုကြွေးနေကြသည်။ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းတွင် ယာဉ်စီးရေ စုစုပေါင်း ၆၀ ကျော် လိုက်ပါနေပြီး ဆိုင်ကယ် အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှသည်။ လူတိုင်း၏ လက်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံငယ်များ ကိုင်ဆောင် ဝှေ့ယမ်းနေကြသည်။


မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်း တစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။

" ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ "

(နံနက် ၈ နာရီခွဲခန့်၊ ထားဝယ်NLD ရုံး)" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး "

" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "

" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိပြောင်မြောက်တဲ့ အားပေးထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း ထောက်ခံကြမယ် "

" ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှညာမှာ မဟုတ်ဘူး "

" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "

" ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "

" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် "
အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "

(ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း)

" ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ "

" ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် "

" တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် "


(နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ)

သတင်းရင်းမြစ်..

by The Voice Weekly

- ဟန်ထက် ပေးပို့သည်


မိုးမခမှ
ဇန်န၀ါရီ ၂၉၊ ၂၀၁၂

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသွားသည်။ ယခု ခရီးစဉ်သည် နေ့ချင်းပြန်ခရီးစဉ် ဖြစ်သည်ဟု သိရသည်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးခရီးဖြစ်သည်။ (ဓာတ်ပုံများ - Yangon Press International နှင့် Getty Images)








ဒီပို့စ်မှာ ကူးယူဖေါ်ပြခွင့်ရတဲ့ ဘလော့ဂါများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အောင်မြင်ပါစေ...

0 comments:

Post a Comment