Sunday, January 29

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်ငူသို့လာရောက်မည်

ထားဝယ် ခရီးစဉ်မှ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သည် တောင်ငူခရိုင် သို့ ဖေဖော်ဝါရီလ လယ်အတွင်း လာရောက်မည်ဖြစ်ကြောင်း၊ တောင်ငူမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ပဲခူးတိုင်းဒေသကြီး အောင်နိုင်ရေးအဖွဲ့ ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်က ပြောပါသည်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ငူခရိုင် မဲဆွယ်စည်းရုံးရေးခရီးစဉ်က ဖေဖော်ဝါရီလ လယ်လောက်တော့ လာနိုင်မယ်ထင်ပါတယ်။ လာမယ်လို့ လည်း ပြောပါတယ်။ လမ်းကြောင်းက ညောင်ခြေထောက် ၊ကျွဲပွဲ၊ အုတ်တွင်း၊ ထန်းတပင်၊ တောင်ငူဖြစ်မလား၊ တောင်ငူကနေမှ တစ်ဆင့်အဲဒီမြို့နယ်တွေ သွားမလား၊ မသိရသေးပါဘူး” ဟု ဦးအောင်စိုးမြင့်က ဆက်လက်ပြောကြားပါသည်။ အန်တီစုလာမယ်ဆိုလို့ ခရီးတစ်လျှောက်လုံး လိုက်ကြည့်မယ့်သူတွေတောင်ရှိပါတယ်။ လာမယ်ဆိုတော့ ပိုကောင်းတာပေါ့။ ကျွန်တော်တို့မြို့က ပါတီကြီးတစ်ခုက အင်အားကောင်းတယ်လေ။ ကျွှန်တော်တို့က အခုမှ စလုပ်နေရတဲ့ အခြေအနေဆိုတော့ အန်တီလာပြီဆိုရင်တော့ အရမ်းကောင်းသွားပြီး မဲအပြတ်သတ် ဖြစ်နိုင်တယ်လို့ ထန်းတပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်လူငယ် တစ်ဦးက ပြောပါသည်။ 

true news journal

0 comments:

Post a Comment