Tuesday, January 17

ပညာသင်ကြားနေစဉ်(၉)တန်းကျောင်းသားတဦးသေဆုံးမှု အမှုမှန်မပေါ်ပေါက်သေး

၂၀၁၁ ဒီဇင်ဘာလ ၈ ရက်နေ့ တွင် ချင်းပြည်နယ် မင်းတပ်မြို့ နတလ အမှတ်(၂) တွင် 
( ၉ )တန်း ကျောင်းသား မောင်မောင်းအောင်ထန်း ပညာသင်ကြားနေစဉ် သေဆုံးမှု တစ်ခု ဖြစ်ပွါးခဲ့သည်။ သေဆုံးမှုမှာ သွေးရိုးသားရိုး မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးရသည်ဟု သိရသည်။

မြို့နယ် ပြည်နယ် အစရှိသဖြင့် အဆင့်ဆင့်ရှိ အစိုးရ ရုံးဌာနများသို့ တင်ပြတောင်းခံ၍ အမှုမှန်ပေါ်ပေါက်စေရန် သေဆုံးသူ၏ ဖခင်မှ တောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ အမှုနှင့် စပ်လျှဉ်း၍ တရားလိုနှင့် တရာခံ မျက်မြင်ထင်ရှား အမှုစီရင်ခြင်း မရှိပါ။

ဖခင်ဖြစ်သူသည် ရန်ကုန်မြို့သို့ရောက်ရှိလာပြီး အသိမိတ်ဆွေများနှင့် ဆွေးနွေးတိုင်ပင်ကာ အမှုမှန်ပေါ်ပေါက်ရေး တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးနိုင်ရေး လိုက်လံ ဆောင်ရွက် 
ဆဲဖြစ်ပါသည်။

သေဆုံးသူ မောင်မောင်းအောင်ထန်း






0 comments:

Post a Comment