Tuesday, January 17

လပွတ္တာမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီ ရုံးဖွင့်ပွဲ



လပွတ္တာမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီ ရုံးဖွင့်ပွဲ အခန်းအနားကို ဇန္န၀ါရီ ၁၅ရက် မနက် ၈:၀၀ အချိန်က ကုန်သည်လမ်း အိမ်အမှတ် ၉၉/ ၅ တွင် ကျင်းပခဲ့သည်။ 

ထိုအခန်းအနားသို့ အဖွဲ့ချုပ် ပါတီဝင်များ၊ ဒီမိုက ရေစီ လိုလား နှစ်သက် ထောက်ခံ အားပေးကြသူများနှင့် ဂုဏ်သရေရှိ အမျိုးသားကောင်း မြို့မိမြို့မများ အင်အား ၅, ၀၀၀ ခန့် တက်ရောက် အားပေးကြသည်။ 

ထို အခန်းအနားတွင် ဧရာဝတီတိုင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ဖော် ဆောင်ရေး တာဝန်ခံ (၃) ဦးအောင်ကျော်စိုးက ဆိုင်းဘုတ် စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးလိုက်ပါသည်။ 

ထိုဖွင့်ပွဲတွင် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဗဟို ကော်မတီဝင်များ ဖြစ်ကြသော ဦးကြည်ဝင်းနှင့် ဒေါက်တာ ဦးအေးကြူတို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်ဟု သိရှိရပါသည်။

စိုးမြင့် (facebook)

0 comments:

Post a Comment