Friday, February 24

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပြီး မြစ်ကြီးနားတွင် အင်တာနက်ပြန်ရ

ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် မြစ်ကြီးနား ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက် နာရီပိုင်းအကြာ ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၃၀ မိနစ်ခန့်တွင် မြစ်ကြီးနားမြို့၌ MacWill အပါအဝင် အင်တာနက်လိုင်းများ ပြန်လည် အသုံးပြု၍ ရရှိနေပြီ ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ပထမဆုံး ပြည်နယ်တစ်ခုသို့ စည်းရုံးရေးဆင်းသည့် ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ကြီးနား ခရီးစဉ် မတိုင်မီ ၂ ရက်ခန့်ကပင် မြစ်ကြီးနားမြို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ပြီး ခရီးစဉ်တစ်လျှောက် လိုက်ပါသတင်းရယူသည့် သတင်းထောက်များ အသုံးပြုသည့် MacWill (ကြိုးမဲ့အင်တာနက်ဖုန်း) များမှာလည်း အင်တာနက် အသုံးပြု၍ မရခဲ့ကြောင်း ၎င်းက ဆက်လက် သတင်းပေးပို့သည်။

0 comments:

Post a Comment