ဒေါ်စုကို လေးစားအားထားကြတဲ့ အတိုင်းအတာအရ မြန်မာပြည်ကို ကြိုးဖြေပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်စုတို့ရဲ့ ဓာတ်ပုံတွေ ရိုက်နှိပ်ထားတဲ့ အင်္ကျီတွေဟာ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေအတွက် ရေပန်းစားနေပြီး အရောင်းသွက်နေပါတယ်။ ထုတ်လုပ်ထားတဲ့ အင်္ကျီ က အနက်၊ အနီ၊ အဖြူ အရောင်သုံးမျိုးဖြစ်ပါတယ်။ တန်းဖိုးကတော့ ဘတ်ငွေ (၁၂၀)ပါ။ ကျွန်တော်လည်း တစ်ထည်ဝယ်ပီး ၀တ်ဆင်ခဲ့ပါတယ်။
ဒေါ်စုနဲ့ ဗိုလ်ချုပ်တို့ရဲ့ ဓာတ်ပုံများနဲ့ လှပနေတဲ့ အင်္ကျီ ဒီဇိုင်း...


နောက်တစ်ခုကတော့ အများသိပြီးဖြစ်တဲ့ ဒေါ်စုရဲ့ ဘ၀ဇာတ်ကြောင်း၊ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် လှုပ်ရှားအနစ်အနာခံခဲ့တဲ့ ဒေါ်စုရဲ့ ပုံရိပ် The Lady ရုပ်ရှင်ဇာတ်ကား။ The Lady ရဲ့ လှုပ်စားမှုတွေက သက်ဝင်လွန်းစွာပဲ ရင်ဘတ်များကို လှုပ်ခတ်နိုင်ခဲ့ပါတယ်။ အင်တာနက်ကနေ တောက်တိုမယ်ရ ကြည့်ထားလို့ မကြည့်တော့ဘူး စိတ်ကူးခဲ့ပေမဲ့ သူငယ်ချင်းများ တက်ကြွနေတာနဲ့ အားကျမခံ လိုက်သွားခဲ့ပါတယ်။ တကယ်လည်း ဖန်သားပြင်ရှေ့ရောက်တဲ့အချိန်မှာတော့ နှလုံးသားကို လှုပ်နိုးခြင်း ခံလိုက်ရပါတယ်။ The Lady ဇာတ်ဝင်ခန်းတွေကြောင့် လှိုက်ဖို ရင်မောခဲ့ရတယ်။ မြန်မာပြည်အမိမြေအတွက် မျက်ရည်စို့စို့ လည်ခဲ့ရပါတယ်။ တကယ်ပါဘဲ မျက်ရည်စို့စို့ လည်ခဲ့ရပါတယ်။
လက်ညှိုးတွေကို တကယ်ပဲ ကွေးလိုက်ကြတော့မလားလို့ စိုးရိမ်ခဲ့ရတဲ့ ဇာတ်ဝင်ခန်း...

ပန်းပန်တတ်တဲ့ ဒေါ်စုလို The Lady ရုပ်ရှင်ကားမှ အသက် (၄ဂ) မလေးရှားနိုင်ငံဖွား မစ်ရှယ်ယိုး...

ရုပ်ရှင်ကြည့်ဖို့ central plaza (၄) ထပ်ရှိ၊ majar ရှေ့တွင် ရုပ်ရှင်ကြည့်ရန် စောင့်ဆိုင်းနေတဲ့ ပရိသတ်များ...
သူငယ်ချင်းများနဲ့...
ဒေါ်စု ကျန်းမာပါစေ...
.မွှေးကြိုင်လန်းဆန်းစွာ ပွင့်လန်းလာတော့မယ့် မြန်မာပန်းပင်ကြီးရဲ့ အရိပ်အောက်မှာ ခိုလှုံဖို့ စောင့်စားရင်း...









0 comments:
Post a Comment