Saturday, February 11

မြန်မာနိုင်ငံကို လာမယ့် ဆယ်စုနှစ်မှာ အခုထက်သာစေချင်

မြန်မာနိုင်ငံကို အခုထက်သာတဲ့ အာဆီယံ အသင်းဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် လာမယ့် ဆယ်စုနှစ်မှာ တွေ့ချင်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

အာဆီယံ စီးပွားရေးအသင်း ABC အဖွဲ့က ကိုယ်စားလှယ်တွေ နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲအပြီးတွေ့ ရစဉ်

ဒီလိုဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေး အပြောင်းအလဲထက် နိုင်ငံရေး အပြောင်းအလဲက ပိုပြီး အရေးကြီးနေတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က Asean Business Club အာဆီယံ စီးပွားရေးအသင်း ABC အဖွဲ့က ကိုယ်စားလှယ်တွေကို ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တော့မယ်ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မလုပ်ခင်မှာ စောင့်ကြည့်ဖို့ကိုလည်း အကြံပြု လိုက်တယ်လို့ သိရပါတယ်။ Asean Business Club က ကိုယ်စားလှယ် ၁၂ ဦးပါ အဖွဲတစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၆ ရက်နဲ့ ၇ ရက်မှာ နေပြည်တော်ကိုသွားပြီး အာဏာပိုင် အဖွဲ့ဝင်တွေနဲ့ တွေ့ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ အခုလို ပြောလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ဖော်ပြ လိုက်တာပါ။
RFA

0 comments:

Post a Comment