Sunday, January 1

၁၂၅ သိန်းတန် တီရှပ်

ရန်ပုံငွေပွဲမှာ အဆိုတော်အားလုံး လက်မှတ်ထိုးထားတဲ့ ၁၂၅ သိန်းတန် တီရှပ် Photo (Myit Makha Mediagroup)
ပညာရေးရန်ပုံငွေဂီတဖျော်ဖြေ
ပွဲအမှတ်တရ တီရှပ်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များလက်မှတ်ရေးထိုးထားသောတီရှပ်ကို ကျပ် ၁၂၅ သိန်းဖြင့် လေလံဆွဲဝယ်ယူသွားခဲ့သော ဒေါ်မာလာဝင်း ကို တီရှပ်နှင့်အတူတွေ့ရစဉ်။
 ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ လက်မှတ်ရေးထိုးထားသော အင်္ကျီကို လေလံပစ်ရာ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားသည်။

ရန်ပုံငွေပွဲအမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာဓာတ်ပုံဖြင့် ဒီဇိုင်းပြုလုပ်ထားသော အနီရောင်တီရှပ်(XL size)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များက လက်မှတ်ရေးထိုးထားသည့် အင်္ကျီကို ကြမ်းခင်းဈေး ကျပ်သိန်း ၃၀ ဖြင့် ည ၈ နာရီကျော်တွင် စတင်လေလံပစ်ပြီး ကုမ္ပဏီ ၆ ခုက အပြိုင်လေလံဆွဲကြကာ ည ၁၂ နာရီကျော်တွင် Common Purpose ကုမ္ပဏီမှ MD ဒေါ်မာလာဝင်းက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားခြင်းဖြစ်သည်။

"အန်တီစုက ပြည်သူလုအတွက် လုပ်ပေးနေတာ။ အဲဒီအတွက် လှူချင်နေတာ။ အခုလှူလိုက်တဲ့သဘောပါပဲ" ဟု ဒေါ်မာလာဝင်းက ပြောသည်။

သူမအား အင်္ကျီပေးအပ်ပွဲကို ဇန်န၀ါရီ ၁ ရက်တွင် NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုလေလံပွဲကို အဓိကစီစဉ်သူ ဦးမောင်မောင်အေးက 7Day News သို့ပြောသည်။

0 comments:

Post a Comment