Tuesday, February 14

တစ်လအတွင်း NLD ပါတီဝင်လျှောက်လွှာ ၅သိန်းကျော်ရောင်းချခဲ့ရ

  ပါတီဝင်လျှောက်လွှာ စောင်ရေ ၅ သိန်းကျော်ရောင်းချထားပြီး ဖြစ်ကြောင်း NLD ပါတီက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(
NLDပါတီဝင်သစ်ဖြစ်လာမဲ့ သရုပ်ဆောင်ရဲတိုက်
NLD) တရားဝင်ပါတီဖြစ်လာပြီးနောက် ဇန်န၀ါရီလ ၉ ရက်တွင် ပါတီဆိုင်းဘုတ် တင်ခြင်းနှင့်အတူ ပါတီဝင်လျှောက်လွှာ တစ်သန်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ စတင်ဖြန့် ဝေရောင်းချ ခဲ့သည်။ ပါတီ မှ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က “အခုဆိုရင် ငါးသိန်းတောင် ကချင်မှကမယ်။ ငါးသိန်းဆိုတာ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းကပါ” ဟု ပြောသည်။ ပါတီဝင်ဖြစ်လိုသူသည် ပါတီဝင်လျှောက်လွှာ ၀ယ်ယူဖြည့်သွင်းကာ မိမိ သက်ဆိုင်ရာ ပြည်နယ် နှင့်တိုင်း ဒေသအသီးသီးရှိ NLDရုံးများသို့ ပြန်လည်ပေးပို့သည်နှင့် ပါတီဝင်အဖြစ် သတ်မှတ်ပြီးဖြစ်သည်။ “ လျှောက်လွှာပြန်ရတာကတော့ အမှန်အတိုင်းပြောရရင် အတိအကျမသိရသေးဘူး။ ဒါပေမဲ့ ကျွန်တော် ထင်ပါတယ်။ ၀ယ်သွားတဲ့သူတွေဟာ ပြန်ပြီးတင်ကြမှာပါပဲ ” ဟု ၎င်းကပြောသည်။ NLD ပါတီမှတ်ပုံတင်ရာတွင် တည်ထောင်သူအဖြစ်ပါဝင်ခဲ့သည့် ဦးစိုးဝင်းက လတ်တလောတွင် ပါတီဝင် အင်အားကို ဖော်ပြရန်ခက်ခဲနေသေးသော်လည်း ယခုအပတ်အတွင်း နေပြည်တော်သို့ ပါတီ အင်အားစာ ရင်းကိုသွားရောက် တင်ပြရမည်ဖြစ်သဖြင့် အမြန်ဆုံးစာရင်းကောက်ယူနေကြောင်းပြောသည်။ လက်ရှိအချိန်တွင်NLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ၄၈ နေရာစလုံး အနိုင်ရရှိရေးကို ဦးစားပေး ဆောင် ရွက်နေပြီး ပါတီဝင်သစ်များနှင့် ပတ်သက်သည့် စည်းရုံးရေး၊ လေ့ကျင့်ပျိုးထောင်ရေး စီမံချက်များကို မလုပ် ဆောင်နိုင်သေးကြောင်း ဦးအုန်းကြိုင်က ဆက်ပြောသည်။ သို့သော်လည်း NLD ၌ ပါတီဝင်အရေအတွက် များပြားလာမှုနှင့်အတူ ပါတီအတွင်းအရည်အချင်းမရှိသူများ ရောနှောဝင်ရောက်လာမည်ကိုမူ လုံးဝစိုးရိမ်မှုမရှိဟု သူက ပြောသည်။ “ မတူကွဲပြားတဲ့ အယူအဆတွေအကုန်လုံးကိုလက်ခံထားတဲ့ပါတီဆိုတော့ မတူတဲ့လူတွေပါမှာပေါ့။ အဲဒါကို အုတ်ရောရော၊ ကျောက်ရောရောလို့ ကျွန်တော်ကတော့ မမြင်ပါဘူး ”ဟု ၄င်းကဆိုသည်။ ဦးအုန်းကြိုင်က ပါတီဝင်သစ်လက်ခံရာတွင် ခြွင်းချက်အနေဖြင့် NLD မှခွဲထွက်ခဲ့သူများနှင့် အကြောင်းကြောင်း ကြောင့်ထုတ် ပယ်ခံထားရသူများမှာ အဆိုပါအကြောင်းကိစ္စများကို လျှောက်လွှာရှိ ကိုယ်ရေးရာ ဇ၀င် တွင် ထည့်သွင်း ဖော်ပြရမည် ဖြစ်ပြီး ၄င်းတို့အတွက် သီးခြားစဉ်းစားသွားမည်ဟု ပြောသည်။ ၀ါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးထွေးမြင့်က ပါတီတစ်ခု အင်အားကြီးမားလာသည်နှင့်အမျှ ဗဟိုမှ မူဝါဒလုပ်ငန်းလမ်းစဉ်ချမှတ်ရာတွင်မှန်ကန်ရေးနှင့် ပါတီဝင်များအတွင်း တက်ကြွသော အုပ်စုခေါင်း ဆောင်(ကေဒါ)များ ပေါ်ထွန်းရေးသည် အရေးအကြီးဆုံး အချက်များဖြစ်သဖြင့် အဆိုပါအချက်များကို သတိပြုရန်လိုကြောင်း သုံးသပ်သည်။ “ကေဒါတွေမမှန်လို့ရှိရင် မူဝါဒလုပ်ငန်းလမ်းစဉ်မှန်သည့် တိုင်အောင်လမ်းချော်တတ်တယ်။လွဲမှားတတ်တယ်။ အဲဒီလို ၂ မျိုး ၂ပိုင်းရှိပါတယ်။ အဲဒါကို စောင့်ကြည့်ရမှာပါပဲ။” ဟု ၄င်းကပြောသည်။ ၁၉၈၉ ခုနှစ် NLD စတင်ဖွဲ့စည်းထူထောင်စဉ်က ပါတီဝင်အရေအတွက်မှာ သန်းချီရှိခဲ့ပြီး ယခု ပြန်လည် တည်ဆောက်ရာတွင် အမာခံပါတီဝင်ဟောင်းများအပြင် လူငယ်လူသစ်များ၏ အင်အား ကိုအခြေခံ တည် ဆောက်သွားမည်ဟု ဦးအုန်းကြိုင်ကပြောသည်။
မက်စင်ဂျာဂျာနယ်

0 comments:

Post a Comment