|  | 
| ဓါတ်ပုံ-Google Images | 
Thursday, January 26
မိုးကောင်း ရုံပိုင်ကို မီးရထားရဲလေးဦးက ထိုးကြိတ်
 ကချင်ပြည်နယ်မိုးကောင်း  မြို့နယ်၏ ရထားဘူတာရုံ၏ ရုံပိုင်ကို မီရထားရဲလေးဦး  ဝိုင်းဝန်းထိုးကြိတ်မှုဖြင့် အမှုဖွင့်ထားကြောင်း မြန်မာ့မီးရထား  ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
 ပြီးခဲ့သည့်အပတ်က  ဖားကန့်မှဆင်းလာသော ကျောက်တူးလုပ်သားများ သောင်းနှင့်ချီပြီး  မိုးကောင်းဘူတာတွင် သောင်တင်နေကြောင်း ရထားရုံပိုင်အနေဖြင့်  လက်မှတ်ဝယ်နိုင်သူများသာမက လက်မှတ်ဝယ်ရန် မတတ်နိုင်သူများကို  ရထားလိုက်ပါနိင်ရန်အတွက် တွဲများပေါ်မျှတင်နေရာ လုံခြုံရေးရဲများက  ခရီးသည်များကို အတင်မခံသကဲ့သို့ ခရီသည်အချို့၏ အိပ်များပစ္စည်းများကို  ကန်ချပြီး တွဲတံခါးပေါက်ကိုပိတ်ထားသဖြင့် ရုံပိုင်လေးမှ  သွားရောက်ပြောဆိုရာမှ အငြင်ပွား စကားများပြီး ရဲလေးဦးမှ ရုံပိုင်ကို  ဝိုင်ဝန်းထိုးကြိတ်ခြင်းဖြစ်ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ တစ်ဦးက  ပြောကြားသည်။
 တရပ်တကြေးက  ဒုက္ခရောက်နေသူတွေကို မိုးကောင်းမြို့ခံများက ထမင်းထုပ်များဝေငှခြင်း၊  ရေသန့်ဗူးများ လှူဒါန်းခြင်းကဲ့သို့ လူသားခြင်း စာနာဖြင့်  လုပ်ဆောင်ခဲ့ချိန် ကူညီပါရစေဆိုသည့် ရဲများက တိုက်ပွဲများကြောင့်  ဒုက္ခရောက်လာသူများကို ယခုလိုဆက်ဆံခြင်းသည် မဖြစ်သင့်ကြောင်း  မိုးကောင်းမြို့ခံတစ်ဦးက ပြောကြားသည်။
 ဦးသိန်းစိန်အစိုးရ၏  ပြုပြင်ပြောင်းလဲမှုများသည် အောက်ခြေဝန်ထမ်းများကြောင့် ပြည်သူများ  ပြုပြင်ပြောင်းလဲများကို ယုံကြည်မှု လျှော့ကျစေ နိုင်ကြောင်း  အောက်ခြေဝန်ထမ်းများကို ပညာပေးရန်လိုအပ်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။
 KIA  နှင့် အစိုးရတို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖားကန်သို့ အတက်ကားလမ်းကို  KIA မှပိတ်လိုက် အခြေခံ အလုပ် သမားများမှာ ဝင်ငွေမရှိတော့သဖြင့်  စားဝတ်နေရေးခက်ခဲသဖြင့် နေရင်ဒေသသို့ပြန်ရန် မိုးကောင်းဘူတာတွင်  ရထားစောင့်ရင်း သောင်တင်သူမှာ သောင်းဂဏန်းအထိရှိကြောင်း ဒေသခံ များက  ပြောကြားသည်။
 MP - yangonchronicle 
Subscribe to:
Post Comments (Atom)



 
 
 
 

 
 
 





 
 
 
 
 
 
 
.jpg) 
 
 
 
0 comments:
Post a Comment