Saturday, January 7
ပြည်ထောင်စုတိုင်းရင်းသားများ၏ ပညာရေးအတွက် NLD ပါတီမှ သိန်း ၅၀၀ကျော်အသုံးပြုမည်
 ပြည်ထောင်စုတိုင်းရင်းသားများ၏  ပညာရေးကိုထောက်ပံ့ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက  ကျပ်ငွေသိန်း ၅၀၀ကျော် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။
 ပြည်တောင်စု  တိုင်းရင်းသားများအတွက် ပညာရေးရန်ပုံငွေပွဲတော်ကျင်းပရေး  ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်ဦးက အထက်ပါ အတိုင်း ပြောကြားသည်။
 “သွားလှူမဲ့ နေရာတွေအတွက် ဒီငွေတွေဟာ မလောက်သေးဘူးဆိုရင် ဒေါ်စုဆီမှာအလှူခံသွားမှာပါ” ဟု ၎င်းက ဆိုသည်။
 အဆိုပါ  သိန်း ၅၀၀ကျော် ပညာရေးရန်ပုံငွေများ ရရှိရန်အတွက်  ပြည်တောင်စုတိုင်းရင်းသားများအတွက် ပညာရေး ရန်ပုံငွေပွဲတော်ကို  ကျင်းပခဲ့ကြောင်း သိရသည်။
 အထက်ပါကော်မတီက  ပြည်နယ်ခုနှစ်ခုသို့ သွားရောက်ကွင်းဆင်းလေ့လာပြီး အမှန်တကယ် လိုအပ်နေသော  စာသင်ကျောင်းများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း ဦးမြင့်ဦးက  ဆက်လက်ပြောဆိုသည်။
 ယင်းသို့ သွားရောက်လှူဒါန်းရာတွင်လည်း  ကုန်ကျမည့်စရိတ်များကို ရန်ပုံငွေထဲမှ အသုံးပြုသွားမည် မဟုတ်ကြောင်း NLD မှ  ဦးဝင်းတင်က ပြောကြားသည်။
 NLD  ပါတီသည် ပုံမှန်အားဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  အမေ့အိမ်ပညာဒါနလုပ်ငန်းများ ပြုလုပ်ပေးနေရာမှ ယခုကဲ့သို့ ပထမဆုံးအကြိမ်  တိုးချဲ့ လုပ်ဆောင်လိုက်ခြင်းကြောင်း Peace Press သတင်းမှာဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)




 
 
 
 

 
 
 





 
 
 
 
 
 
 
.jpg) 
 
 
 
0 comments:
Post a Comment