Monday, December 12

မင်းရဲ့အချစ်သူရဲ့ ကောင်း

916030
ခန္မာငါးပါး၊ရန်ရှာထားလို
အပြန်တစ်ရာမှားလဲမှားတော့စေ
သူမပဲအနှစ်၊လူတကာထက်ချစ်
ဒီလူအသည်းကစွဲမိနေပြီကွယ်
ဝေဒနာအရင်းစစ်တော့
့အဖြေရှာရင်းနစ်သတဲ့နစ်
အချစ်နွံဝဲ၊အဖြစ်လွန်ကဲ
မလွတ်ကျွံဆဲ၊အမြစ်စွဲပေါ့
မင်းသဘောအတိုင်းသာ
အနန္တငါးပါးအဖန်ဖန်ပွားများဘို့မေ့
စက္ကန်တိုင်းသာမင်းမှမင်းပါလေ
မင်း...အဆင်း
မင်း...အသံ
မင်း...သဏ္ဍန်
မင်း...ရနံ့ 
မင်း...အတွေ့ 
နေ့ ညအချိန်လုံးမင်းနဲ့သာမွေ့ လျှော်
စွတ်ပျံ့ စေခဲ့သူ
ဘ၀င်စိတ်ကိုရင်ထိပ်ဖှိုလှုပ်
ငါကမင်းအရုပ်တစ်ရုပ်လေလား
ရူပ၊ဂန္ဒ၊သောတ၊ရသ
ဖဿငါဝိညာဏ်နာမ်ရုပ်
ရုန်းမရအောင်ထုံးဖွဲ့ 
ရုပ်သေးရုပ်လားကွယ်
အသူရာတွင်းနက်၊မဟူရာအလင်းမဲ့
လူတကာအပြစ်ဖွဲဆို
ကမ္ဘာတည်လောက်ငါသည်တစ်ယောက်
မလွတ်မြှောက်နိုင်သောသူ
မင်းနွံဝဲကအချစ်ကျွန်လေလား
သံသရာအရင်းစစ်ရင်ဖြင့်
အဖန်ဖန်သာနစ်တော့ကွယ်
မင်းရဲအချစ်သူရဲကောင်းပဲဖြစ်ပါရစေတော့...

0 comments:

Post a Comment