Saturday, December 24

ဦးနု နေရာမှာ နေတိုး သရုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ချောင်းသာမှာဇာတ်ကား ရိုက်ကူးရင်းမူးလဲခဲ့တဲ့နေတိုး ဒေါ်အောင်ဆန်းစုကြည်က ဦးနုနေရာသရုပ်ဆောင်ဖို့ ပြောတဲ့အတွက် ဝမ်းသာပီတိဖြစ်နေကြောင်း သိရပါတယ်။
နေတိုးဟာ ချောင်းသာမှာဝတ်မှုံရွှေရည် နဲ့ဇာတ်ကား၃ကားရိုက်ကူးခဲ့ပါတယ်။
ချောင်းသာမှာဇာတ်ကားရိုက်ကူးရင်း မူးလဲခဲ့တာကြောင့် ဇာတ်ကားရိုက်ကူးမှုခဏနား
ခဲ့ရတယ်လို့ ဆိုပါတယ်။ 
 
 ဗိုလ်ချုပ် ဇာတ်ကား ဖြစ်မြောက်ရေး ဆပ်ကော်မတီ အဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဒီဇင်ဘာ ၂ဝရက်နေ့က ဗိုလ်ချုပ် ဇာတ်ကားနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးပွဲမှာတော့ အကြမ်းဖျင်း အတည်ပြုထားတဲ့ ဆပ်ကော်မတီ အဖွဲ့ဝင် စာရင်း ကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပေးခဲ့ပါတယ်။ 
 
အတည်ပြု စာရင်းမှာတော့ နာယက ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌ ဦးမိုးသူ၊ ဒုဥက္ကဋ္ဌဦးကျော်သူ၊ အတွင်းရေး မှူး ဦးဇာဂနာ ၊ တွဲဖက် အတွင်းရေးမှူး(၁) ဇင်ဝိုင်း၊ တွဲဖက် အတွင်းရေးမှူး(၂) ဒါရိုက်တာ ကြည်ဖြူသျှင်၊ သမိုင်း အချက်အလက် ရှာဖွေရေး ကော်မတီ ဦးစိမ်းနီ၊ ဦးမော်လင်း၊ ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီ ဒါရိုက်တာ မောင်မျိုးမင်း၊ လူမင်း၊ ဝေဠုကျော်၊ ထွန်းအိန္ဒြာဗို၊ ဇာတ်ညွှန်း ကော်မတီ ဦးမိုးသူ၊ ဦးမော်လင်း၊ ဒါရိုက် တာ မောင်မျိုးမင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ကျော်သူ၊ ဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဦးဇာဂနာ၊ အရိုင်း ၊မောင်မောင်သာမြင့်၊ ပြန်ကြားရေး ကော်မတီ ဒါရိုက်တာ ကြည်ဖြူသျှင်၊ မြစံပယ်ငုံ တို့ပဲဖြစ်ပါတယ်။ 
 
နောက် ပညာရှင်တွေ ထပ်ရောက်လာရင်လည်း ကော် မတီအဖွဲ့ ဝင်တွေ အနေနဲ့ လူထပ်တိုးဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။ အဲဒီနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ဇာတ်ကားကို မြန်မာနိုင်ငံမှာ ရှိတဲ့ ဒါရိုက် တာတွေကိုပဲ အဖွဲ့လေး ဖွဲ့ပြီးတော့ ရိုက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် က ဆုံးဖြတ်လိုက်ကြောင်း ပြန်ကြားရေး တာဝန်ယူထားတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် က ပေါ်ပျူလာဂျာနယ်ကို ပြောပါတယ်။
”ပြည်ပက ပညာရှင်တွေက ဓာတ်ပုံပညာရှင်၊ ကင်မရာနဲ့ ပတ်သက်တဲ့ ပညာရှင်တွေကိုပဲ ခေါ်မယ်လို့ အန်တီစု ကပြောတယ်။ ဒါကြောင့် အစ်မတို့အနေနဲ့ သိပ်ကို တာဝန်ကြီး ပါတယ် ။ မြန်မာပြည်က ဒါရိုက်တာတွေ ရိုက်ပေမယ့် အစ်မတို့ရိုက်တဲ့ စနစ်တွေက မြန်မာလို မဟုတ်တော့ဘူး။ နိုင်ငံတကာ အဆင့်တန်းမီ၊ စနစ်တကျ ဖြစ်အောင် ရိုက်ကြမှာပါ။ အစ်မတို့ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း အတွက် အစ်မတို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမှာပါ” လို့ ဒါရိုက်တာ ကြည်ဖြူ သျှင် က ပြောဆိုခဲ့တာဖြစ်ပါတယ်။

0 comments:

Post a Comment