Monday, December 12

**!!**!!**!!*! တုနှိုင်းမမှီ စံ အာဇာနည် !*!!**!!**!!** (၁)+(၂)


**!!**!!**!!*! တုနှိုင်းမမှီ စံ အာဇာနည် !*!!**!!**!!**

( ၁ )
သူ့ ကျွန် ငရဲတွင်း မနစ်မွန်းစေအောင်ပ

ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြဌာန်းရယ်နှင့်

တင့်တယ်ထည်ဝါ သိုက်ဝယ်တည်စေရယ်လို့ 

စွန့် မငဲ့ ကိုယ်ကျိုး အသက်ဇီဝိန် ပျက်ကြွေပြုန်းလေပေါ့

အို.......မမေ့ဘယ်ခါ ရင်ဝယ်ကိန်း နှလုံးအိမ်မှာလ

ဆထပ်တိုး ထပ်ခါပိုး မျက်ရည်အပြိုင်ညိုးကာဖြင့်

ကျန်နေသူ ရင်ဝယ်သားအပေါင်းရယ်က

အာဇာနည် ဗိမ္မန် ဂူပုထိုးကို ဦးတိုက်ရှိခိုး ။***။



တို့ ဗမာ လင်းရောင် ထွန်းအောင်ပ

မြန်ဗဟို နတ်မောက်မြို့ မှာလ

စတုတ္ထမြန်မာ တည်ထောင်လေရယ်မလို့ 

ပြေဗမာ အခေါင်စိုးစေတော့

ရက်တေဇာ တစ်ထောင်ကိုးရာ တစ်ဆယ့်ငါးနှစ်

လဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာဖြင့်

စနေသားလေးဖွားမြင်ပေ ။***။



ရှေ့ နေဦးဖာ+ ဒေါ်စုတို့ က

မောင်ထိန်လင်း ဟုမှည့်ခေါ်သလေ ။***။

ဦးစွန်းမြန်မာမြေသို့ ယွန်းတဲ့

သီပေါဘုရင်ပါစဉ်ဝယ်

မင်းကြီးရွှေလရောင် ဘွဲ့ မည်သတဲ့

ဗိုလ်မင်းရောင်နှင့် ထပ်တူကွယ်။***။


ဘမျိုး ဘိုးတူ မျိုးချစ်သားမို့ 

သတ္တိသွေးက ရဲလောက်တယ် ။***။


ကိုယ်ကျိုးစွန့် ကာ အသက်ပေးသမို့ 

အာဇာနည် ဟု သမုတ်စေ ။ ***။


မိုင်းပွန်စော်ဘွား စဝ်စံထွန်းနှင့်

ဝန်ကြီးဘခိုင်မကျန်ပေ......

ဒီးဒုတ် ဦးဘချို ၊ သခင်မြနဲ့ 

ဦးရာဇတ်လည်း ပါသလေ .....

အတွင်းဝန်မင်းဦးအုန်းမောင်နှင့်

သက်တော်စောင့် ကိုထွေး ကျဆုံးလေ...


ဦးစောဂဠုန် အာဏာရူးသမို့ 

ရက်စက်စွာဖြင့် လုပ်ကြံစေ .. . . .



အို..ဘယ်ခါ မမေ့ပေ ။ မမေ့အပ်ပေ ။

ထွဋ်မြတ်တဲ့ ရက်မြတ်ဇာနည်ပေ ။။။။။။။။။။



{ အနှိုင်းမဲ့သော စကားအသုံးအနှုန်းများနှင့် ခိုင်းနှိုင်းမကုန် နိုင်သော်လည်း
အာဇာနည်နေ့ ထူးနေ့ မြတ် အား ကဗျာစပ်ဆိုချင်သည် ရည်ရွယ်ချက်၌သာရင်ဝယ် တည်ဖြစ်ပါသည် ။ ။
သေးသိမ်ညံဖျင်းသောအခိုင်းအနှိုင်းအသုံးအဖွဲ့ များရှိခဲ့သော်ကျွန်ူပ်၏သုတနည်းပါးသောညံဖျင်းပေါ့ရော့မှုသာ ဖြစ်ပါသည် }




*************************************************************************************************

**** တုနှိုင်းမမှီ စံ အာဇာနည် ( ၂ ) ****

*************************************************************************************************


ပြပြဝေးသီ ၊ ရှေ့ ဒီကာလ

ရင်နင့်ဖြစ်ရပ် ၊ ကြေကွဲရပ်ကို

မမြင်ဖူးသော် ၊ မြင်ဖူးသော်ရှိ

ဘိုးဘွားတွေက ၊ အဘယ်မျှပင်

ရင်နင့်လေမလဲ ။ **** ။



သွေးစိမ်းတွေဆို ၊ မဆိုထားနှင့်

သားမြေးတီတွတ် ၊ သွေးရင်းစစ်က

ကျွမ်းမြေ့ ပူလောင် ၊ နှလုံးအိမ်တင်း

မျက်ရည်စို့ လို့  ၊ သောကနှိပ်စက်

မမေ့ရက်ပဲ ....

အဘယ်မျှပင် ၊ ရင်နင့်လေမလဲ ။**** ။



လွမ်းရိပ်မှိုင်းဆွတ် ၊လွမ်းရင်ညိုး၍

တစ်ရက်တစ်နေ့  ၊ မမေ့အပ်ပေ

၁၉ ဇူလိုင် ၊ မိုးနဲ့ အပြိုင်

မျက်ရည်မိုးပင် ၊ ရွာခဲ့ပြီ

လွမ်းရိပ်ဝေသီ ၊ အာဇာနည် ။****။



ကိုယ်ကျိုးလည်းစွန့် ၊ သက်စတေးဝံ့ လို့ 

နိုင်ငံအကျိုး ၊ ပြည်အကျိုး

သယ်ပိုးရွက်ဆောင် ၊ တို့ များမောင်

တုနှိုင်းမမှီ ၊ ဖွဲ့ မမှီမို့ 

အားကျတုယူ ၊ လေးစားမိ၏

ပြည်နှင့်ဆွေသား ၊စွန့် ခွါသွား

ရောက်ရာဘုံလား ၊ အေးစေသားလို့ 

တောင်းဆုပဏာ ၊ ခွန်းပခြွေသည်

ရောက်ရာအရပ် ၊ လားရာသုဂတိ

မြတ်ဌာနေမှ ၊ သိကြားအပ်စေ

မြင်ကြားစေ ၊ ရင်ဝယ်ဆွေသား

ကျန်နေအများက ၊ ဝတ်ပြုဆုတောင်း

အာဇာနည်အပေါင်း ။****။



တောကြီးသျှိုမြှောင် ၊ကျော်ဖြတ်သန်းလို့ 

ပူနေမရှောင် ၊အေးဒဏ်မကြောက်

ဘယ်ရန်မဆို ၊ ဖျက်ဖြိုချလို့ 

ယမ်းငွေ့ တလူလူ ၊ သက်ရူကျပ်လည်း

ကဗ္ဗည်းတင်ရစ် ၊ ကျန်နေရစ်ဘိ

ပြည်ချစ်မဏ္ဍိုင် ၊ တံခွန်စိုက်လို့ 

နယ်ချဲ့ ရန်စွယ် ၊ပစ်ချေမှုန်းကြ

မြန်မာ့လွတ်လပ်ရေး ၊ ပြန်ရစေလို့ 

အသက်ပေးကာ ၊ သမိုင်းကြောင်းတွင်

မျိုးချစ်နွယ်ဖွား ၊ သက်စွန့် သွားသော

တုနှိုင်းမမှီ ၊ အာဇာနည် ။ ****။



နေ့ လည်းမအား ၊ ညမနားနှင့်

ဝပ်ဆင်းလုပ်ကျွေး ၊ မေတ္တာပေးလို့ 

တိုင်းချစ်ပြည်ချစ် ၊ စိတ်ထားစိတ်ရင်း

ကောင်းမြတ်ခြင်းဖြင့် ၊ တိုင်းရင်းညီကို

တစိတ်ထဲပင် ၊ စည်းလုံးပျော်ရွှင်

ချစ်ခင်စေကြောင်း ၊ဟောပြောလမ်းညွှန်

စည်းရုံးဆင်းပြီ ၊တိုင်းရင်းညီကို

သွေးချင်းစီးလို့ ၊ ရွံ့ ရွံ့ ချွန်ချွန်

တွန်းလှန်တိုက်ထုတ် ၊ ဗိုလ်ချုပ်စိတ်ထား

မွန်မြတ်လှသည့်  ၊ နှိုင်းတုမမှီ အာဇာနည် ။****။

0 comments:

Post a Comment