Monday, December 12
♠♠♠ လင်းအာရုဏ် ရွာ အလှ ♠♠♠
♠♠♠လင်းအာရုဏ်  ရွာ အလှ ♠♠♠
ဂိမ္မန်နွေနှောင်း တစ်ဖန်ပြောင်းဘိ
မိုးလခါဝယ် ဝဿန် တိမ်တောင်
မိုးစက်ပြောင်၍  အာရုဏ်က ကျင်း
ရောင်နီလင်းသော် ရွာဦးရယ်ဆီ
ဘုန်းတော် ကျောင်းညို ''' ဘွန္ဒော'''' သံရယ်ပြို  ။ ~~~ ။
မိုးလခါဝယ် ပျိုးကောက်မယ်သာပ
ဖြိုးမောက်မယ့် ကျဉ်စပါးတွင်း
ပျို တို့ မောင် တောင်သူကြီးက
မိုးသောက်ယံ တောင်ယာဆင်းပေါ့
ဟန်သင့်ရယ်ပြင်
လယ်တောခွင် ယာမြေဆင်းရန်ပ
နွားတင်းကုတ်ဆင်း ။ ~~~ ။
ရွာဦးရယ်ဆီ
အုန်းမောင်း ရယ်ထိုးဘိ
ဆွမ်း အာရုဏ် အမှီပြီးသမို့ 
ဝါတွင်းခါ ဥပုဒ်သီတင်းရယ်နှင့်
တောင်သူ နှမပျို လှယမင်းရယ်က
ရွာကျောင်းတော် ချီမယ်ဝင့်ကာပ
ရွာလမ်းသို့ ဆင်း ။ ~~~ ။
ဆွမ်းအုပ်ရယ်နီ
အဖြူပေါ် အညိုဆင့်လို့ 
ခေါင်းပေါင်းထက်ဆီ
ယောဂီ ညို ချည်ထည် သဘက် ရယ်လ
လည်တိုင်ဝယ် စိတ်ပုတီးရယ်နှင့်
မြတ်ဘိ ရှု့ မငြီး ။ ~~~ ။
ရွာလမ်းရယ် ဆုံးပြီ
ရွာဦးစေတီ ဖူးမျှော်ရပြီ
ထုံးစေတီ ထိုဘုရား
ရွာကျက်သရေ ဘုန်းမော်ဝင့်ပေါ့
ပျိုလေးတို့  အား ။ ~~~ ။
ဆီမီးရယ်ညီ
ပန်းကိုပြင် နံ့ သာကျင်း
ကြည်လင်ကာ ရေကြည်သစ်နဲ့ 
ဆွမ်းကပ် အမှီ ရွာဦးစေတီ ။ ~~~ ။
အို လှ ဘိ ထင်
ညိုညစ်ညစ် တိုင်အခြေရယ်နှင့်
ခေါင် အရှည်ရွာကျောင်း
ဆရာတော်ရယ် ဝတ်တက်ပြီးသမို့ 
ဆွမ်းအမှီ အာရုဏ်ပြုကာလ
ဝတ်ပြုခင်းကျင်း "' ပိဏ္ဍပါတ် ''' ဆွမ်း ၊ ဟင်း ။ ~~~ ။
0 comments:
Post a Comment