Saturday, December 17

ခဏလောက် ထ ကြည့်ပါအုံး အမျိုးသားဖခင်ကြီးရယ်....

သို့....

အမျိုးသားဖခင်ကြီး (သို့) အာဇာနည်ခေါင်းဆောင်ကြီး (သို့) ဗိုလ်ချုပ်အောင်ဆန်းခင်ဗျား......

အာဇာနည်ကုန်းပေါ်ကနေ လက်ရှိ အခြေအနေလေးတွေကို ခဏလောက် ထကြည့်ပါအုံး......

အခု ဗိုလ်ချုပ်နေတဲ့ မြို့ကိုရောက်နေတဲ့ ဗိုလ်ချုပ်တို့ ဗိုလ်မင်းရောင် တို့ရဲ့ မျိုးဆက်သစ် ကပြား ကို ထကြည့်ပါအုံး...။

ဗိုလ်ချုပ် တိုက်ထုတ်ခဲ့တဲ့ ဗြိတိသျှ နိုင်ငံသားဗိုလ်ချုပ်ရဲ့မျိုးဆက် ကို ခဏလောက် ထကြည့်ပါအုံး။

ဗိုလ်ချုပ်ရဲ့ မျိုးဆက်ကို ထိန်းဖို့ သမီးလိမ္မာလေးက အသက် ၂၇ နှစ် ရောက်နေတာတောင် ကိုယ့်ဆန္ဒနဲ့ တဏှာကို အလိုလိုက်ပြီး တိုင်းတပါးသား Michael Aris ကို ယူတယ်။ ခုတော့ သူလည်း Ms. Aris ဖြစ်နေပါပြီ။ ယူပြီး ၁ နှစ်ကျော်တာနဲ့ ကလေး စ မွေးတယ်။ နှစ်ယောက် တောင်။ နာမည်တွေက Alexander Aris နဲ့ Kam Aris တဲ့။

ခုမှ မျက်နှာပူပြီး မျက်စိမိတ်မနေပါနဲ့ ဗိုလ်ချုပ်ရယ် သားသမီးမကောင်း မိဘ ခေါင်း၊ မြေးမကောင်းတော့ အဘိုး ခေါင်းပေါ့။ ဗိုလ်ချုပ် ကောင်းခဲ့တုန်းက အရှိန်တွေနဲ့ ဗိုလ်မင်းရောင်လည်း သေရွာကနေ ပီတိဖြစ်ခဲ့တာပဲ။ ခုလည်း ဒီ မြေး ကပြား လေးကို ကြည့်ပြီး ပီတီမဲ့ပြုံးလေး တစ်ချက်လောက် ပြုံးပြပါအုံး။

ပြည်သူတချို့ကတော့ ရင်နာလို့ ငိုကြွေးနေကြပြီ။ ဗိုလ်ချုပ်သမီးကတော့ မျက်နှာပြောင်တိုက်လို့ ကောင်းတုန်းပဲ။ သွား ၃၂ ချောင်းလုံးကို ဖြီးလို့။ သူ့ကို မွေးတုန်းက ရှက်ကြောနဲ့ ချက်ကြော ကို မှားဖျက်ခဲ့လားဆိုတာ လက်သည်ကို ပြန်မေးရမယ် ဗိုလ်ချုပ်ရေ...။

ပြောလက်စနဲ့ ဆက်ပြောရမှာပဲ ဗိုလ်ချုပ်ရယ်... ဗိုလ်ချုပ်က ကျွန်စိတ်ပျောက်ပြီး သခင်စိတ်ရောက်အောင် ဘယ်လောက်ကြိုးစားခဲ့ပေမယ့်၊ ဗိုလ်ချုပ်ရဲ့ နိုင်ငံထဲက ငယ်ကျွန်တွေတချို့က ဘယ်တော့မှ မပျောက်ကြပါဘူး။ ဗီဇ ဆိုတာ လုံးဝေ ဖျောက်ဖျက်လို့ မရနိုင်ပါဘူး ဆိုတာ ဗိုလ်ချုပ်တို့သိလို့ စိတ်ဓာတ်နဲ့ ခံယူချက်ပြောင်းအောင် နာမည်တွေရှေ့မှာ အရင်တုန်းက သခင် ဆိုပြီး ခေါ်ခဲ့တယ်။ ခုလည်း နာမည်တွေရှေ့မှာ သခင်ထည့်ခေါ်ဖို့ လိုနေပါပြီ...။

ဗိုလ်ချုပ်ရေ.. ဒါကတော့ ဗိုလ်ချုပ်ရဲ့ ချစ်သမတ်တော် Michael Aris ကြီးပါပဲ
ဒါကတော့ ယောင်္ကျားရတော့မှာမို့ ပျော်နေတဲ့ ဗိုလ်ချုပ်သမီးပါဗျာ

ယောင်္ကျားယူပြီး ဆွေမေ့၊ မျိုးမေ့ နိုင်ငံမေ့ပြီး ပျော်နေတဲ့ ဗိုလ်ချုပ်သမီး


တလောက သတင်းထဲ ဖတ်လိုက်ရတယ် ဗိုလ်ချုပ်ရေ... ဂျပန်နိုင်ငံက အမျိုးသမီး တစ်ဦးက ရှေးတုန်းက သူ့ ဘိုးဘွား ဂျပန်တွေရဲ့ တရုတ်တွေအပေါ်မှာ အနိုင်ကျင့်ခဲ့မှုတွေအတွက် ပေးဆပ်ဖို့ တရုတ်ကျောင်းသားတွေ လုပ်သမျှ အကုန်ခံခဲ့တယ်တဲ့...။ အရင်က စော်ကားခဲ့သူဂျပန်တွေ သာ သိရင် ငါတို့ကြောင့်ဆိုပြီး ဝဋ်လည်တယ်လို့ ခံယူကြမှာ။ အဲ့ဒီသတင်းကို ဖတ်ပြီးချိန်မှာ ဗိုလ်ချုပ်ကိုတောင် သတိရမိတယ်။ ဒါပေမယ့် ဗိုလ်ချုပ်က ဗြိတိသျှ အမျိုးသမီးတွေကို ဘာမှမလုပ်ခဲ့ဖူးဆိုတာ အားလုံးက ယုံကြပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေကိုတော့ ဗိုလ်ချုပ်ကို မြင်စေချင်စမ်းပါဘိ....။
လည်လိုက်ပတ်လိုက်၊ ပျော်လိုက်ပါးလိုက်နဲ့ မြန်မာဆိုတာကိုတောင် မေ့နေပါပြီ
ဗိုချုပ်ရေ... ဒါတော့ ဗိုလ်ချုပ်ရဲ့ ချစ်သမီးလိမ္မာလေးနဲ့ ချစ်သမတ်တော်၊ မြေးတော် လေးတွေပေါ့


မြန်ာကို သိပ်ချစ်တဲ့ ဗိုလ်ချုပ်အတွက် မြန်မာမဟုတ်တဲ့ သမက်တော်ကြီးနဲ့ မြေးတော်နှစ်ယောက်ပါ။
ဒါက ဗိုလ်ချုပ်ရဲ့ ချစ်မြေးကြီး Alexander Aris ရဲ့ မိသားစုပါ

ဒါကတော့ ခု ဗိုလ်ချုပ်နေတဲ့ ရန်ကုန်မြို့တော်ကြီးကိုရောက်နေတဲ့ ဗိုလ်ချုပ်ရဲ့ မျိုးဆက်သစ် ကပြားလေး
Kam Aris နဲ့ သွားဖြဲနေတဲ့ သမီးအလိမ္မာတုံးလေး


ဗိုလ်ချုပ်အနေနဲ့ နယ်ချဲ့တွေကို ကျွန်မပြုနိုင်အောင် တွန်းလှန် တိုက်ထုတ်နိုင်ခဲ့ပေမယ့်။ မြန်မာအချို့ရဲ့ ရင်ထဲ၊ အသည်းထဲက ကျွန်စိတ်တွေကိုတော့ မတိုက်ထုတ်နိုင်ခဲ့ဘူး။ နိုင်ငံခြားကိုမှ အထင်ကြီး၊ နိုင်ငံခြားသားမှ အထင်ကြီးတဲ့ စိတ်တွေ ကို ဗိုလ်ချုပ် မဖျောက်ပေးနိုင်ခဲ့ဘူး။

နားနဲ့မနာ ဖဝါးနဲ့သာ နာပါတော့ ဗိုလ်ချုပ်ခင်ဗျား... ဗိုလ်ချုပ်သမီးကိုယ်တိုင်ကိုက အဲ့ဒီလိုစိတ်တွေ ရှိနေပါတယ်။ တိုင်းတပါးသားကို အထင်ကြီးလင်လုပ်ပြီး၊ တိုင်တပါးသားရဲ့ ကိုယ်ဝန်တွေဆောင်လို့။ ခုဆိုရင် ဗိုလ်ချုပ်ရဲ့ မြေး ကပြားလေးတောင် ဒီမြေပေါ် ပြန်နင်းတဲ့ အထိပါပဲ။

မရှက်ပါနဲ့ ဗိုလ်ချုပ်ရယ်.. ဘာပဲဖြစ်ဖြစ် ဒါတွေက ဗိုလ်ချုပ်ရဲ့အားနည်းချက်လို့ ဘယ်သူမှ မမြင်ကြပါဘူး။ သူ့ဘာသူ စိတ်အလိုလိုက်ပြီး တဏှာနဲ့ သာယာမှုကို မက်မောတယ်လို့ နားလည်ထားကြပါတယ်။ အဲ့လိုပြောလို့ စိတ်မအေးပါနဲ့ဦး ဗိုလ်ချုပ် အဲ့ဒီ သမီးလိမ္မာက သူတင်မဟုတ်ဘူး တနိုင်ငံလုံးကို ပြန်ပြီး ကျွန်ဇတ်သွင်းဖို့ လုပ်နေပြန်ပြီ။

အရင်ကတည်းက ကျွန်စိတ်မကုန်တဲ့ လူတွေက ခုတော့ သားငယ်လေး၊ သားငယ်လေး၊ သားငယ်လေး၊ ကိုထိန်လင်း၊ ကိုထိန်လင်း ဆိုပြီး ချစ်နေလိုက်ကြတာ။ ၁၉၁၅ တုန်းက ထိန်လင်း က တော့ မြန်မာပြည်မှာမွေး၊ မြန်မာမိဘက မွေးပြီး၊ မြန်မာနိုင်ငံသားစစ်စစ်၊ မြန်မာစိတ်ဓာတ်ပြင်းပြင်းနဲ့ ကြယ်တပွင့်ပါ။ ခု ၂၀၁၀ ထိန်လင်းကတော့ မြန်မာနိုင်ငံမှာ မမွေးပါဘူး။ မြန်မာနိုင်ငံသားလည်း မဟုတ်ပါဘူး။ မြန်မာလို့လည်း ခံယူမထားသလို။ သူ့ကို မြန်မာနာမည်လည်း ဘယ်သူမှမခေါ်ပါဘူး။ ဒါပေမယ့် သူက ၁၉၁၅ မောင်ထိန်လင်း ရဲ့ မြေးဖြစ်နေပါတယ်။ နှစ် ၁၀၀ အတွင်း ကမ္ဘာကျော် အမျိုးသားခေါင်းဆောင်ကြီးရဲ့ မျိုးဆက် တစ်ခုက မယုံနိုင်လောက်အောင် ပြောင်းလဲ သွားတာပါလား ဗိုလ်ချုပ်ရယ်...။



တစ်ချိန်က ဗိုလ်ချုပ်တို့ မိသားစု

ခုနပုံတွေနဲ့ ဒီပုံတွေနဲ့ ဘယ်လို နှိုင်းယှဉ်ရမလဲ ဗိုလ်ချုပ်ရေ...။

0 comments:

Post a Comment