Tuesday, February 7

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုဟောပြောပွဲပြီး (သတင်း-ဓါတ်ပုံ)

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုနှင့် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့တွင်းသို့ နေ့လည် ၁၁ နာရီခန့်တွင် ရောက်ရှိလာခဲ့ပြီး ကိုးသိန်းဘောလုံးကွင်းအတွင်း စောင့်ဆိုင်းနေကြသည့် သောင်းနှင့်ချီသော လူထုကြီးအား မိန့်ခွန်းပြောကြားခဲ့သည်။ (ဓာတ်ပုံ- ဥက္ကာကိုကို)

ဒေါ်အောင်ဆန်းစုကြည် လူထုသို့ ဟောပြောလျက်ရှိ၊ ကြားဖြတ်ရွေးကောက်ပွဲ မှန်မှန်ကန်ကန် မျှမျှတတဖြစ်ရန် ပြည်သူအားလုံး ကူညီပါဟု ပြောကြားခဲ့သည်။ နောက်ဆုံးရရှိတဲ့ သတင်းအရတော့ ဒေါ်အောင်ဆန်းစုကြည် လူထုသို့ ဟောပြောမှု ပြီးဆုံးပြီလို့ သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုးသိန်းဘောလုံးကွင်းအတွင်း လူထုဟောပြောပွဲအပြီး ပုသိမ်ဟိုတယ်တွင် နေ့လည်စာစားသောက်ရန် ရောက်ရှိနေပြီဖြစ်သည်။ နေ့လည်စာစားပြီးပါက မြောင်းမြသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

0 comments:

Post a Comment