Tuesday, February 7

မုန့်ဟင်းခါး ပိဿာချိန် ၆၀၀ စားပြီးသူများ ဒေါ်အောင်ဆန်း စုကြည် ဟောပြောမည့် ကိုးသိန်းကွင်းထဲ ဆင်းလာကြပြီး

ကြံခိုင်ဖွံ့ဖြိုးရေး က မနက်ကိုးနာရီ မုန့်ဟင်းခါးကြွေး သည် ဒေါ်အောင်ဆန်းစုကြည် သည် မနက်ကိုးနာရီမရောက်ဘဲ ၁၁ နာရီမှ ရောက်သဖြင့် မုန့်ဟင်းခါးသွားစားသူများ အချိန်မှီလို့ ကွင်းထဲဆင်းလာကြပြီ ။
 
ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ ဖေဖော်ဝါရီ ၇ ရက် နံနက်တွင် ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်(ရွှေဝါထွန်းရပ်ကွက်)တွင် စတုဒီသာ မုန့်ဟင်းခါး ပိဿာချိန် ၆၀၀ ကျွေးမွေးလှူဒါန်းမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး တိုင်းဒေသကြီးပါတီဝင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူက ပြောကြားသည်။
ထိုသို့ မုန့်ဟင်းခါးစတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းမှာ ပြည်ခိုင်ဖြိုးပါတီမှ လမ်းတံတား ၅၉ စင်း တည်ဆောက်ပြီးမြောက်သည့်အထိမ်းအမှတ်ဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

စတုဒီသာကို နံနက် ၇ နာရီမှ မုန့်ဟင်းခါးကုန်သည်ထိ ကျွေးမွေးမည်ဟု သတင်းရရှိသည်။
 ၇ ရက်၊ နံနက် ၁၀ နာရီ ၅၀ မိနစ် (YPI ) ဒေါ်အောင်ဆန်းစုကြည် မိနစ်ပိုင်းအတွင်း ကိုးသိန်းကွင်းရောက်တော့မည် ပုသိမ်မြို့တွင်းသို့ဝင်လာနေပြီ
ဖြစ်သည် ၁၀နာရီ ၅၀ မိနစ်တွင် ကန်သုံးဆင့်သို့ရောက်နေပြီဟု လိုက်ပါလျှက်ရှိသည့် မြိ့ခံတဦးကပြောသည်။ မြို့တွင်းလမ်းအချို့ပိတ်ထားသဖြင့် ကွေ့ပတ်ကာ သွားနေရသည်ဟု ဆိုသည်။

0 comments:

Post a Comment