Tuesday, February 7

ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုသည့် ပရိတ်သတ်အလွန်များပြား

ပုသိမ်နည်းပညာကျောင်းသား၊ကျောင်းသူများ

ကြိုဆိုရေးကားပေါ်မှ NLD ပါတီဝင်တစ်ဦးကပုသိမ်နည်းပညာတက္ကသိုလ်ကျေားသား၊
ကျောင်းသူများအားခွပ်ဒေါင်းအလံအားဝှေ့ယမ်း၍နှုတ်ဆက်နေစဉ်။ (ဓါတ်ပုံ-မက်စင်ဂျာဂျာနယ်)
ဖေဖေါ်ဝါရီ ၇ ရက်၊ နံနက် ၉နာရီ ၅၀ မိနစ် (YPI )

ဒေါ်အောင်ဆန်းစုကြည်အား ပုသိမ်မြို့မှ ကြိုဆိုနေသည့်ပရိသတ် အလွန်များပြားလှကြောင်း၊ လမ်းဘေးနှစ်ဘက်နှစ်ချက်တွင် အပြည့်နီးပါး ဖြစ်နေသည်ဟု ပုသိမ်မြို့အထွက် ကိုးဆူတွင် စောင့်ဆိုင်းနေသည့် ပုသိမ်မြို့ခံ ဦးမြင့်ဦးက ပြောသည်။ ယင်းနေရာမှ ပရိသတ်နှင့် အတူ အန်အယ်လ်ဒီ သဘာပတိ အဖွဲ့နာယက ဦးတင်ဦးလည်း လာရောက်စောင့်ဆိုင်းလျှက်ရှိသည်ဟု သိရသည်။ နံနက် ၉နာရီ ၄၀ ၀န်းကျင်ထိ ဒေါ်အောင်ဆန်းစုကြည် ကိုးဆူသို့ ရောက်ရှိမလာသေးကြောင်း၊ ကိုးသိန်းအားကစားကွင်းသို့ ၁၀ နာရီကျော်မှ ရောက်မည်ဟု ၎င်းက ခန့်မှန်းပြောကြားသည်။
YPI

0 comments:

Post a Comment