Thursday, December 29

ဗုံးဟု ယူဆရသည့် မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခုကို တွေ့ရှိ

ဓါတ်ပုံ (Google Images)
မြောက်ဥက္ကလာပ မြို့နယ်၊ မယ်လမုဘုရား အနီးရှိ လူကြီးမင်း ဖုန်း Handset အရောင်းဆိုင်တွင် ဒီဇင်ဘာ ၃၀ ရက်နေ့ (ယနေ့) နံနက် ၈ နာရီ ဝန်းကျင်က ဆိုင်ရှေ့ရှိ ဘိလပ်မြေအိတ် နှစ်အိတ်ကြားမှ ဗုံးဟု ယူဆရသည့် မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ရကြောင်း အဆိုပါ လူကြီးမင်း ဖုန်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ "ဗုံးဟုတ်လား မဟုတ်လားတော့ မသိပါဘူး။ မသင်္ကာဖွယ်ရာ ပစ္စည်းတွေ့ရတယ် ဆိုတာတော့ အမှန်ပါပဲ" ဟု ၎င်းက ပြောကြားသည်။
The Voice Weekly

0 comments:

Post a Comment