Saturday, December 17

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သီလရှင်များ...









Hlaing Bwa Maung
c.c ဒေါင်းမာန်ဟုန်

ကြည်ညိုဖွယ်စိတ်အပြည့်ရှိနေကြောင်း အမေစု ဓာတ်ပုံများက ပေါ်လွင်နေသည်။ ရယူလိုခြင်းမရှိ တည်ကြည် လေးနက်သော ဟန်ပန်များနှင့် ကုသိုလ်တရားပွားများနေသည်မှာ စိတ်ဝယ်ကြည်နူး စရာကောင်း သည်။ ကိုယ်နိုင်ငံ၊ ကိုယ်ရေမြေက ဗုဒ္ဓဘာသာရေးတရားကို နိုင်ငံခေါင်းဆောင်ကြီးများ ပင် အမေစု လို မလုပ်ဆောင်နိုင်ခဲ့သည်မှာ မှတ်တမ်းမှတ်ရာ က ဖော်ပြနေသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှု့ ထွန်းကားသော ဗုဒ္ဓဘာသာ တိုင်းပြည်တစ်ခုဖြစ်သော်လည်း နိုင်ငံတော်ကို အုပ်ချုပ်မင်းလုပ်နေသော အာဏာရှင်များကြောင့် ဗုဒ္ဓဘာသာကြီးများ ညိုးနွမ်းမှု့များ ဖြစ်ထွန်းခဲ့သည်။ သံဃာတော်များ သွေးရောင် လွမ်းခဲ့သော ရွှေဝါရောင်တော်လှန်ရေးကြီး ကိုကျနော်တို့ ဗုဒ္ဓဘာသာဝင်တိုင်း မေ့ပျောက်လို့ ရနိုင်တော့မည် မဟုတ်ပေ။

0 comments:

Post a Comment