Thursday, December 22

ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ် အကြောင်း ပါရှိတဲ့ DVD ပြည်တွင်းမှာဖြန့် ချီခွင့်ရရှိ

Asian Fame Media Group မှဖြန့်ချိတဲ့ ရတီမဂ္ဂဇင်းနဲ့ Mrမဂ္ဂဇင်းတွင်Making DVDကို ပရိသတ်များ ကြည့်ရှုလို့ရအောင် ထည့်သွင်းထားပါတယ်။ ရတီမဂ္ဂဇင်း Making DVD အခွေကို အောက်တိုဘာလမှ စတင်ပါဝင်ခဲ့ပြီး ယခုဇန်နဝါရီလတွင် (၄)ခွေ ထုတ်ဝေခဲ့ပါတယ်။ ဇန်နဝါရီလ ရတီမဂ္ဂဇင်းတွင် ထူးထူးခြားခြား ဒေါ်အောင် ဆန်းစုကြည်နှင့် အနုပညာရှင်များ တွေ့ဆုံခဲ့သည့်သတင်းကို ‘သတင်းများနှင့် ရွက်လွှင့်ခြင်း’ အစီအစဉ်တွင် ထည့်သွင်းဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလထုတ် Mr မဂ္ဂဇင်းတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ဘဘဦးတင်ယုနဲ့ အင်တာဗျူးကို ဖော်ပြခဲ့ပါတယ်။ အဆိုပါ ရတီမဂ္ဂဇင်းနဲ့ Mr မဂ္ဂဇင်းတွင် ထည့်သွင်းထားသော Making DVD ကို မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေး၊ ဆင်ဆာအဖွဲ့သို့ တရားဝင် ဆင်ဆာတင်ပြပြီး ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။ ယခုဆိုရင် ဆင်ဆာအဖွဲ့က ဆင်ဆာမူဝါဒနှင့် စည်းကမ်းချက် ၁ဝချက်အနက် ၄ချက် လျှော့ပေါ့ပေးထားတဲ့အပြင် ပေါ်လစီအရ ထည့်သွင်းရသော တချို့အချက်အလက်များ ကို ဖော်ပြဖို့ မလိုတော့တဲ့အတွက် အဲ့ဒီ Making DVD မှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းတို့၊ ကိုကျော်သူအကြောင်းတို့ ဆင်ဆာက ခွင့်ပြုလာတာ ဖြစ်မှာပါလို့ အဲ့ဒီ အခွေကို ရိုက်ကူးတင်ဆက်တဲ့ ဒါရိုက်တာဖြစ်သူပေါ်ပြူလာ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)က ပြောပါတယ်။

0 comments:

Post a Comment