Tuesday, January 31

ပုဂံလေဆိပ်ကို ရောက်ရှိလာတဲ့ အမေစု

ပုဂံလေဆိပ်တွင် လေယာဉ်ပေါ်မှဆင်းလာသော ဒေါ်အောင်ဆန်းစုကြည်
ပုဂံလေဆိပ်ဝယ် ကြိုဆိုသူများနှင့်အတူ...
ပုဂံညောင်ဦးလေဆိပ်သို့  မနက် ၉ နာရီ ၁၅ မိနစ် အချိန်ခန့် တွင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိသွားပြီကြောင်း သတင်းရရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ မီဒီယာသမား ၁၈ ဦး၊ UK Funded Project အဖွဲ့ ဝင် များအပါအ၀င် စုစုပေါင်း ၃၀ ကျော်လိုက်ပါသွားကြောင်း သိရှိရပြီး ညနေ ၆ နာရီ ၂၀ ခန့် တွင်ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသိရ။
ဒေါ်အောင်ဆန်းစုကြည်ထားဝယ်စည်းရုံးရေးခရီးစဉ် အပြီး မန္တလေးခရီးစဉ်သို့  မထွက်ခွာမှီ စပ်ကြား ယနေ့  ဇန်န၀ါရီ ၃၁ ရက် မနက် ၇း၄၀ မိနစ်အချိန်တွင် ပခုက္ကူ
လူမှုရေးဆောင်ရွက်ချက်များကြည့်ရှုနိုင်ရန် အင်္ဂလန်သံရုံး၏ စီစဉ်မှူဖြင့် လေကြောင်းခရီးဖြင့် ပခုက္ကူမြို့ သို့ ထွက်ခွာလာခြင်းဖြစ်သည်။
ပေါ်ပျူလာဂျာနယ်

0 comments:

Post a Comment