Saturday, January 28

Yangon Photo Fasitavle (ရန်ကုန်ဓါတ်ပုံ ပွဲတော်ကျင်းပ)

ယနေ့ညနေ ၆နာရီ မှ ၉နာရီအထိ ရန်ကုန်မြို့ ပြင်သစ်ယဉ်ကျေးမှုဋ္ဌာနတွင် ကျင်းပသည့် ရန်ကုန်ဓါတ်ပုံဆောင်းပါး ပြိုင်ပွဲတွင် လူငယ်ဓါတ်ပုံဆရာအများစုက ဓါတ်ပုံဆောင်းပါး ၁၅ခု တင်သွင်းခဲ့ကြရာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကဲဖြတ်လူကြီးများက အကဲဖြတ်ကာ အကောင်းဆုံး ဓါတ်ပုံဆောင်းပါး ဆုများပေးအပ် ခဲ့သည်။ ဓါတ်ပုံဆောင်းပါးများတွင် ရိုက်ကူးသည့် အကြောင်းအရာများမှာ နိုင်ငံရေး အကျဉ်းသား မိသားစုဘ၀၊ အိတ်ခ်ျအိုင်ဗီ စောင့်ရှောက်ရေး စင်တာမှ လူနာများ၊ ရန်ကုန်-ဒလ မြစ်ကူးသင်္ဘောပေါ်မှ ဈေးသည်မိန်းကလေး၏ အဖြစ်အပျက် မှ စ၍ သီလရှင်လေး တဦး၏ နေ့တဓူဝ မြင်ကွင်းနှင့် ဘုန်းတော်ကြီးပျံ မီးသဂြိုဟ်သည့် အဖြစ်အပျက် အဆုံး ပါဝင်သည်ကိုတွေ့ရသည်။ ယနေ့ ကျင်းပသည့် ရန်ကုန်ဓါတ်ပုံပွဲတော်သို့ လူပရိတ်သတ် ရာကျော် တက်ရောက်ကြည့်ရှုခဲ့ကြသည်။ 

YPI

0 comments:

Post a Comment