Saturday, February 11

ဒေါ်အောင်ဆန်းစုကြည် အား ကော့မှူးဒေသခံတွေ ရွာလုံးကျွတ်ထောက်ခံကြိုဆို (ဓါတ်ပုံ)

"အတန်းပညာတွေ ဘယ်လောက်မြင့်မြင့် ကိုယ့်အတွက်ပဲလုပ်ပြီးတော့ သူများကို လှည့်မကြည့်တဲ့သူတွေလည်း ရှိပါတယ်။ ကျွန်မရဲ့အမြင်မှာတော့ ဒီလိုပုဂ္ဂိုလ်မျိုးက တကယ်တော့ တန်ဖိုးမမြင့်ဘူးလို့ မြင်ပါတယ်။ သူဘယ်လောက်ပဲ အတန်းပညာတတ်တတ်၊ ပစ္စည်းဥစ္စာ ချမ်းသာ ချမ်းသာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက်၊ ကိုယ့်ရဲ့ ဒေသအတွက်၊ ကိုယ့်ရဲ့နိုင်ငံအတွက် မစဉ်းစားဘဲနဲ့ တစ်ဦးတစ်ယောက်အတွက် စဉ်းစားတဲ့လူဆိုတာ အင်မတန်မှ ကျဉ်းမြောင်းပါတယ်" (ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ် မိန့်ခွန်းမှ ကောက်နုတ်ချက်)
ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ၀ါးသင်္ခကျေးရွာတွင် သန်းကောင်စာရင်းဝင်ခဲ့သည်။ ပုံမှာ ၀ါးစင်္ကကျေးရွာအတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်မည့် အိမ်အပေါ်ထပ်မှ ရွာသူရွာသားများအား နှုတ်ခွန်းဆက်စကားပြောကြားနေစဉ်။
(ဓာတ်ပုံ-ဂျေမောင်မောင်-အမရပူရ)
ဒေါ်အောင်ဆန်းစုကြည်သည် ၀ါးသင်္ခကျးရွာမှ ပြန်လည်ထွက်ခွာလာပြီး ညနေငါးနာရီခွဲ တွင် ငှက်အော်စမ်းကျေးရွာသို့ ရောက်ရှိကာ လူပရိသတ်တစ်ထောင်ကျော်အား မိန့်ခွန်း ပြောကြားခဲ့သည်။ ထို့နောက် ခြောက်နာရီခန့်အချိန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ရာ လမ်းတစ်လျှောက်လုံး ကျေးရွာများ လမ်းဆုံများမှ ကြိုဆိုကြသူများ ရှိနေကြသေးသည်ကို တွေ့ရသည်။
(ဓာတ်ပုံ-ဂျေမောင်မောင်-အမရပူရ)

0 comments:

Post a Comment