Saturday, February 11

"အတန်းပညာတွေ ဘယ်လောက်မြင့်မြင့် ကိုယ့်အတွက်ပဲလုပ်ပြီးတော့ သူများကို လှည့်မကြည့်တဲ့သူတွေလည်း ရှိပါတယ်။ ကျွန်မရဲ့အမြင်မှာတော့ ဒီလိုပုဂ္ဂိုလ်မျိုးက တကယ်တော့ တန်ဖိုးမမြင့်ဘူးလို့ မြင်ပါတယ်။ သူဘယ်လောက်ပဲ အတန်းပညာတတ်တတ်၊ ပစ္စည်းဥစ္စာ ချမ်းသာ ချမ်းသာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက်၊ ကိုယ့်ရဲ့ ဒေသအတွက်၊ ကိုယ့်ရဲ့နိုင်ငံအတွက် မစဉ်းစားဘဲနဲ့ တစ်ဦးတစ်ယောက်အတွက် စဉ်းစားတဲ့လူဆိုတာ အင်မတန်မှ ကျဉ်းမြောင်းပါတယ်" (ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ် မိန့်ခွန်းမှ ကောက်နုတ်ချက်) ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ၀ါးသင်္ခကျေးရွာတွင် သန်းကောင်စာရင်းဝင်ခဲ့သည်။ ပုံမှာ ၀ါးစင်္ကကျေးရွာအတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်မည့် အိမ်အပေါ်ထပ်မှ ရွာသူရွာသားများအား နှုတ်ခွန်းဆက်စကားပြောကြားနေစဉ်။ (ဓာတ်ပုံ-ဂျေမောင်မောင်-အမရပူရ) ဒေါ်အောင်ဆန်းစုကြည်သည် ၀ါးသင်္ခကျးရွာမှ ပြန်လည်ထွက်ခွာလာပြီး ညနေငါးနာရီခွဲ တွင် ငှက်အော်စမ်းကျေးရွာသို့ ရောက်ရှိကာ လူပရိသတ်တစ်ထောင်ကျော်အား မိန့်ခွန်း ပြောကြားခဲ့သည်။ ထို့နောက် ခြောက်နာရီခန့်အချိန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ရာ လမ်းတစ်လျှောက်လုံး ကျေးရွာများ လမ်းဆုံများမှ ကြိုဆိုကြသူများ ရှိနေကြသေးသည်ကို တွေ့ရသည်။ (ဓာတ်ပုံ-ဂျေမောင်မောင်-အမရပူရ)

ကော့မှူးမြို့နယ် မှ ၀င်ရောက်အရွေးခံမည့် ဒေါ်အောင်ဆန်းစုကြည်မှာ ၀ါးသင်္ခကျေးရွာတွင် သန်းခေါင်စာရင်း ၀င်လိုက်သဖြင့် ၀ါးသင်္ခကျေးရွာစာရင်တွင် ပါဝင်သွားခြင်းအတွက် ၀ါးသင်္ခကျေးရွာသားများက ဂုဏ်ယူလျက်ရှိကြသည်ဟု ပြောဆိုသည်။
ယင်းကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဟောပြောရာသို့ ကျေးရွာနှင့် အနီးအနားကျေးရွာများမှ လူပရိတ်သတ် အနည်းဆုံး ၇၊ ၈ ထောင်ကျော် လာရောက်ခဲ့ကြသည်။ 
ဝါသင်္ခကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် ၉မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ရာ၊ ကော့မှူးမြို့နယ်တွင် အဓိက အရေးကြီးဆုံးအရာမှာ အလုပ်အကိုင်ဖန်တီးပေးရေး ဖြစ်သည်ဟု ပြောဆိုသွားသည်။ လူငယ်ဘွဲ့ရ ပညာတတ်တွေ အများစုမှာ အလုပ်အကိုင်မရှိကြသဖြင့် ပထမဆုံး ဦးစားပေးလုပ်ကိုင်ရမည့် အချက်မှာ အလုပ်အကိုင် ဖန်တီးပေးရေးပင်ဖြစ်သည်ဟု ပြောဆိုသွားသည်။ 
ထို့ပြင် လမ်းတလျှောက်၌ လူထုပရိတ်သတ်က ၀ိုင်းဝန်းအားပေးကြသည်ကို မြင်တွေ့ရ ၊ ကြားနေရကြောင်း ဒီမိုကရေစီသို့ လျှောက်သွားရမည့် လမ်းကြောင်းသည် ကြမ်းတမ်းသည် ဝေးလည်းဝေးလွန်းသဖြင့် အန်အယ်လ်ဒီပါတီကို ၀န်းရံပေးသွားကြရန် ဒေါ်အောင်ဆန်းစုကြည်က လူထုအား ပန်ကြားသွားသည်။
ကော့မှူးမြို့နယ်သို့ မဲဆွယ်စည်းရုံးရေးခရီးစဉ် သွားရောက်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၀ါးသင်္ခရွာသို့ ယခုအခါ ရောက်ရှိနေပြီး ကျေးရွာသူကျေးရွာသားများအား တွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့သည်။ လက်ရှိတွင် ခေတ္တ နားနေပြီး တခြားရွာသို့ ဆက်သွားရန် ရှိကြောင်းလည်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် လာရာလမ်းတစ်လျှောက်တွင် ဒေသခံများက တစ်ခဲနက်ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။

0 comments:

Post a Comment