Saturday, February 11

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးခရီးစဉ် သတင်း

တွံတေး-ကော့မှူးလမ်းပေါ်မှ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုသူများ(ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ဖေဖေါ်ဝါရီ ၁၁ ရက်၊ နံနက် ၁၁နာရီ

ကော့မှူးသို့သွားရာလမ်းတွင် ကားလမ်းမှာ တလမ်းသွားဖြစ်သွားသည်အထိ ရန်ကုန်ဘက်မှ အသွားယာဉ်ကြော တကြောသာရှိတော့၊ ဒေါ်အောင်ဆန်းစုကြည်အား တွေ့မြင်လိုသဖြင့် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ချိုင်းထောက်များဖြင့် ထွက်လာကြသည်ကိုတွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဆိုသည့်နှုတ်ဆက်သံများဖြင့် လျှံနေသည်၊ ၀ါးသင်္ခရွာတွင် ခတ္တရပ်နား၍ ဒေါ်အောင်ဆန်းစုကြည် စကားပြောမည်ဟု သိရှိရသည်။ ပြီးနောက် ငှက်အော်စမ်းကျေးရွာတွင် ခတ္တနားမည်ဟုလည်း သိရသည်။ လမ်းနှစ်ဖက်နှစ်ချက်တွင် လူပရိသတ်အပြည့်ဖြစ်နေသည်ကိုတွေ့ရကာ လူပရိသတ်ကိုမေးမြန်းကြည့်ရာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အပြောင်းအလဲတခုကို ဆောင်ကျဉ်းပေးနိုင်မည့် သူအဖြစ် မျှော်လင့်ထားကြသည်ကို ကြားသိရသည်။
ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း လုံခြုံရေး တာဝန်ယူထားသည့် ဆိုင်ကယ်တန်းမှာ အစီးရာကျော်ရှိသည်ကိုလည်း တွေ့ရသည်။
လမ်းခရီး ဇီးကုန်းကျေးရွာတွင် “ Freedom from Fear if we have mother ” ဟု သုံးထပ်သားပေါ်တွင် ရေးသားထားသည်။
 ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၂ (YPI)

0 comments:

Post a Comment