Tuesday, March 20

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ၏ သိန္နီ ခရီးစဉ် ဓါတ်ပုံများ


၂၀၀၈ခုနှစ်ကတည်းက လားရှိုးအကျဉ်းထောင်ထဲတွင်အကျဉ်းကျနေခဲ့သော ကိုးဆယ်ခုနှစ်NLDသိန္နီအမတ်လောင်း ဦးစိုင်းအောင်လှ၏မိသားစုဝင်များအား ဒေါ်အောင်ဆန်းစုကြည်သွားရောက်တွေ့ဆုံစဉ်။ ဓါတ်ပုံ-ဓါတ်ခဲ

ယနေ့ (၁၈.၃.၂၀၁၂) နံနက် ၁၀ နာရီခွဲက သိန္နီမြို့၊ ကျောင်းဆိုင်ကျောင်းတိုက်ရှေ့တွင် သိန္နီလူထုအား ကားပေါ်မှ မိန့်ခွန်းပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။
ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၇ နာရီကျော်တွင် လားရှိုးမြို့မှ သိန္နီမြို့သို့ စတင်ထွက်ခွာ ခဲ့ပြီး ကျောင်းဆိုင်ကျောင်းတိုက်သိ
ု့ ၀င်ရောက်၍ ဆရာတော်ကြီးအား ၀င်ရောက်ဖူးမြော်ကာ တရားနာယူခဲ့သည်။ ထို့နောက် ကျောင်းတိုက်ရှေ့မှ လူထုအား မိန့်ခွန်းပြောကြားပြီး ယခင် သိန္နီမြို့နယ်ပြည်သူ့လွှတ်တော်အမတ်ဟောင်းဖြစ်ပြီး ယခု လားရှိုးအကျဉ်းထောင်တွင် ထောင်ဒဏ်၁၀ နှစ်ကျခံနေရသည့် ဦးစိုင်းအောင်လှနေအိမ်သို့ ၀င်ရောက်ကာ ဇနီးဖြစ်သူ ဒေါ်မြဟန်နှင့် သားဖြစ်သူစိုင်းဆိုင်လှိုင်းတို့နှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။ ယခု လားရှိုးမြို့သို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်သည်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ယခင် သိန္နီမြို့နယ်ပြည်သူ့လွှတ်တော်အမတ်ဟောင်းဖြစ်ပြီး ယခု လားရှိုးအကျဉ်းထောင် တွင် ထောင်ဒဏ်၁၀ နှစ်ကျခံနေရသည့် ဦးစိုင်းအောင်လှနေအိမ်သို့ ၀င်ရောက်ကာ ဇနီးဖြစ်သူ ဒေါ်မြဟန်နှင့် သားဖြစ်သူစိုင်းဆိုင်လှိုင်းတို့နှင့်တွေ့ဆုံကာ အားပေးစကားပြောကြား ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့(၁၈.၃.၂၀၁၂) နံနက် ၁၀ နာရီ ၅၀ မိနစ်က တွေ့ရစဉ်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဒေါ်အောင်ဆန်းစုကြည် ကျောင်းဆိုင်း ဘုန်ကြီးကျောင်း တွင် ရေစက်ချ စဉ် ၊ ဓာတ်ပုံ ဆိုင်းဆွတ်

ကျောင်းဆိုင်း ဘုန်ကြီးကျောင်း တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ အဖွဲ့ သားများ အမှတ်တရဓာတ်ပုံ ရိုက်နေစဉ် ၊ ဓာတ်ပုံ ဆိုင်းဆွတ်

သိန္နီမြို့ခံ တစ်ဦး ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆို ၊ ဓာတ်ပုံ ဆိုင်းဆွတ်

ဒေါ်အောင်ဆန်းစုကြည်ကို သိန္နီမြို့ရှိ ကျောင်းဆိုင်း ဘုန်းတော်ကြီး တွင်တွေ့ရစဉ် ဓာတ်ပုံ ဆိုင်းဆွတ်

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေကြသော သိန္နီပြည်သူများကို ကျောင်းဆိုင်း ဘုန်ကြီးကျောင်း၌ တွေ့ရစဉ် ၊ ဓာတ်ပုံ ဆိုင်းဆွတ်
သတင်း-ဓါတ်ပုံ YPI နှင့် 7Day

0 comments:

Post a Comment