Tuesday, March 20

မြောင်းမြမြို့ နယ်မှာ NLD မဲဆွယ်ဗီနိုင်းပိုစတာဖျက်ဆီးခံရ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာအုပ်စု၊ ရှမ်းရေကျော်
 ကျေးရွာတွင် ၂၉-၂-၂၀၁၂ရက်နေ့ကစတင် ဖွင့်လှစ်ခဲ့သော ကျေးရွာအမျိုးသားဒီမို
ကရေစီ အဖွဲ့ချုပ်ရုံး ခြံဝန်းအတွင်း စိုက်ထူထားသော မဲဆွယ်ဗီနိုင်းပိုစတာများ
ဖျက်ဆီးခံရကြောင်းသိရပါသည်။

 မြောင်းမြမြို့နယ်မဲဆန္နနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း မန်းဂျော်နီ အတွက် မဲဆွယ်ဗီနိုင်းပိုစတာလေး(၄)ချပ်ကို
(၁၆-၃-၂၀၁၂)ရက်နေ့ညဥ့်အချိန်က ဓါးဖြင့်ဖြတ်လှီးဖျက်ဆီးခံထားရတာဖြစ်ပါသည်။

အဆိုပါ ဖျက်ဆီးမှုကို  ရှမ်းရေကျော်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်
ပွဲအောင်နိုင်ရေးအဖွဲ့မှ မြောင်းမြမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့သို့တိုင်ကြား
ထားကြောင်း Myanmar News Now မှ စုံစမ်းသိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်  မြောင်းမြလူထုဟောပြောပွဲ သွားရောက်ခဲ့စဉ်
 Myanmar News Now

0 comments:

Post a Comment