Sunday, January 15

“ဖိုးချစ်ဇာတ်အဖွဲ့ ကားတိမ်းမှောက်ရာ ဖိုးချစ်၏ ညီမသေဆုံး”

ပုသိမ်-မုံရွာကားလမ်း မင်းတုန်းမြို့ အနီး ဖိုးချစ်တို့ ဇာတ်အဖွဲ့ ကားမှောက်တယ် ဆိုတဲ့ သတင်းရတဲ့ အတွက် ဖိုးချစ်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “ဇန်န၀ါရီ ၉ရက် နေ့ မနက် ၈နာရီ လောက် ဖြစ်တာပါ။ ကျွန်တော်ရန်ကုန်ကို ခဏပြန်တဲ့ အချိန်မှာပါ။ အဖွဲ့ရဲ့ ကားက  တောင်ကုန်းပေါ်မှာ ဘရိတ်ပေါက်ပြီး ပေ ၂၀မြင့်တဲ့   ချောက်ထဲ ကျသွားတာ။ စတိတ်က ကလေးတစ်ယောက်နဲ့ ကျွန်တော့ညီမ ၀မ်းကွဲဆုံးသွားတယ်။ လူ ၁၈ယောက် လောက်ဒဏ်ရာရတယ်။ အခုလက်ရှိတော့  မြောက်ဥက္ကလာမှာ တင်ထားတယ်။ ကလေးနှစ်ယောက်ကတော့ ကျွန်တော့် အတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ။ ကျွန်တော့် ညီမအလောင်းကိုတောင် သွားမကြည့်ခဲ့ရဘူး။ ဆေးရုံကို တန်းသွား ခဲ့ရလို့ပါ။ ညီမလေးကို တအားသတိရနေမိတော့မှာ။ မသေဘဲကျန်ခဲ့တဲ့ ကလေးတွေကိုလည်း အကောင်းပတိပြန်ဖြစ်ဖို့က ကျွန်တော့်တာဝန်ပါ” လို့ပြောပါတယ်။

0 comments:

Post a Comment