Tuesday, February 7

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ပုသိမ်ကားလမ်း တစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာ အလိုက် စောင့်စားနေသူများ

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသူများသည် ယနေ့နံနက် ၅ နာရီခန့်မှစကာ ရန်ကုန်-ပုသိမ် ကားလမ်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာ အလိုက် စောင့်စားနေသည်ကို တွေ့ရသည်။
]]နိုင်ငံရဲ့ဖခင်၊ မိခင်တစ်ယောက်လို သတ်မှတ်ထားတဲ့အတွက် အခုလိုမျိုးစောင့်စားကြိုဆိုနေတာ ဖြစ်ပါတယ်။ အခုလိုမျိုး စောင့်စားကြိုဆိုနေရတာကိုက ၀မ်းသာဂုဏ်ယူနေမိပါတယ်}}ဟု အင်းမစံပြကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
''ဒီလိုမျိုး အခွင့်အရေးကို အနှစ် ၂၀ ကျော် စောင့်ခဲ့ရတယ်။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် လာမှာဖြစ်လို့ အရမ်းကို ၀မ်းသာတယ်။ ကြိုဆိုထောက်ခံတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသူ ကျောင်းကုန်းမြို့နယ် ပြည်သူတစ်ဦးက နံနက် ၇ နာရီ ၂၀ မိနစ်က ပြောကြားခဲ့သည်။
EMG
 ပြည်တွင်းမီဒီယာများမှ ဓါတ်ပုံများအား စုစည်းတင်ပြပါသည်။

0 comments:

Post a Comment