Sunday, March 11

အာဏာရှင်တွေကိစ္စမသေချာလို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆို

ရာမညမြေမှာမဲဆွယ်နေသော ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ-ကျော်ဇေယျာဝင်း(Weekly Express Times Journal)
အာဏာရှင်တွေတက်ရေးမတက်ရေးနှင့် ပေါ်လာရေးမပေါ်လာရေးမှာ မရေရာသည့်ကိစ္စတစ်ခုအဖြစ်ရှိနေဆဲဖြစ်ကြောင်းယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၀ နာရီ ၁၀ မိနစ်အထိ မော်လမြိုင်မြို့၊ ခြောက်မိုင်ရွာဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။ ''လူအခွင့်အရေးတွေအားလုံးကို ကျွန်မတို့ပြည်သူတွေပြည့်ပြည့်၀၀မရသေးပါဘူး။ နောက်ပြီးတော့လည်း ကျွန်မတို့ ဒီမိုကရေစီအစစ်ဆိုတာ ဒီနိုင်ငံမှာ မရှိသေးပါဘူး။ နောက်ပြီးတော့ အာဏာရှင်တွေ မတက်ရေး၊တက်ရေးဆိုတာလည်း ပြန်ပီးတော့ ပေါ်လာရေး၊မပေါ်လာရေးဆိုတာလည်း မရေရာတဲ့ကိစ္စတစ်ခုပဲ အခုထိဖြစ်နေပါသေးတယ်
ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေမအောင်မြင်သေးတဲ့အတွက် ထပ်ပြီးလုပ်စရာတွေ အများကြီးရှိနေပါတယ်'' ဟုပြောကြားခဲ့သည်။
7Day

0 comments:

Post a Comment