၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အိမ်ထောင်ပြုဖို့ လိုအပ်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာပြီး ၄ လ အကြာမှာ သူတို့ထဲကတယောက် ဒီအစီအစဉ်ကို ပထမဆုံး အကောင်အထည်ဖော်နေပါပြီ။
သတို့သမီးက ထင်ရှားတဲ့ လူအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး ဖြစ်ပါတယ်။ ရှေ့လကုန်ပိုင်း လက်ထပ်ကြမယ် ဆိုပြီး အွန်လိုင်းမှာ ဒီသတင်းကောင်း ဖတ်ကြရပြီး ဖြစ်မှာပါ။ သတို့သားနာမည်ကိုတော့ ဖော်ပြခြင်း မရှိကြပါ။
သတို့သားက ၈၈ မျိုးဆက် ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကျော်ကျော်ထွေး (ခ) ကိုမာကီး ဖြစ်ပါတယ်။
ကိုမာကီးက မြိတ်မြို့အကျဉ်းထောင်က ဇန်န၀ါရီလမှာ ပြန်လွတ်လာသူပါ။ သူ့ကို ရန်ကုန်လေဆိပ် သွားရောက် ကြိုဆိုသူများထဲမှာ မစုစုနွေးလည်း ပါဝင်ပါတယ်။
ဧရာဝတီ(ဘလော့ဂ်)
0 comments:
Post a Comment