ထိုသို့ချီးမြှင့်ရခြင်းနှင့်ပတ်သတ်ပြီး ဆုချီးမြှင့်ရေးအဖွဲ့မှ “ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဒီမိုကရေစီကူးပြောင်းရေးခေါင်းဆောင်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရည်အချင်းပြည့်ဝမှု၊ သတ္တိရှိမှု တွေရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး သူမဟာ လူ့ဂုဏ်သိက္ခာ နဲ့ တရားမျှတမှုအတွက် လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။ သူမရဲ့ ထူးချွန်တဲ့ ဒီမိုကရေစီမြှင့်တင်ရေးဆောင်ရွက်ချက်တွေအတွက် ဒီဆုကို ချီးမြှင့်ရတာပါ” ဟုပြောကြားခဲ့သည်။
ပါကစ္စတန်သမ္မတ အာဆစ်ဖ် အာလီဇာဒါရီကလည်း “တစ်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီဟာ အောင်ပွဲရပါလိမ့်မယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၁၅ ရက်နေ့ကလည်း ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သည့် လီဂျင်းအော့ဖ်အတ်ခ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ ။
ဇန်န၀ါရီ ၂၅၊ ၂၀၁၂ (YPI)
0 comments:
Post a Comment