''ပေါက်ကွဲမှုဖြစ်တဲ့ ဂိုဒေါင် အမှတ်(၇၉)ထဲမှာ ပရဆေးနဲ့ ဓာတု ပစ္စည်းစုစုပေါင်း ၆၈ မျိုး၊ တန်ချိန် အားဖြင့် ၂ဝ၅ ဒသမ ၁၂၂ တန် သိုလှောင်ထားတယ်။ အဲဒီထဲမှာ ပေါက်ကွဲမှုဖြစ်စေတဲ့ ဓာတုပစ္စည်း က ၅၈ ဒသမ ၂၅ဝ တန်နဲ့ အပူရှိန် မြင့်မားမှုကို ပိုမိုအားပေးတဲ့လောင် စာက ၄၁ ဒသမ ၄၃၆ တန် ပါဝင် တာတွေ့ရတယ်။ မီးလောင်တဲ့ အချိန်မှာ ဒီဓာတုပစ္စည်း ၉၉ ဒသမ ၆၈၆ တန်က မြင့်မားတဲ့ အပူရှိန်နဲ့ ထိတွေ့ပြီး ဓာတုအချင်းချင်း ပေါင်း စပ်ဓာတ်ပြုကာ အသေးစားကြီးမား ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်တ
ဂိုဒေါင်ပိုင်ရှင်အား စစ်ဆေးရာ တွင် ¤င်းသည် ပရဆေးများကို အရောင်းအဝယ်ပြုစဉ် ထိုင်း၊ တရုတ်၊ အိန္ဒိယတို့နှင့် အဆက် အသွယ်ရှိခဲ့ပြီး ထိုလမ်းကြောင်းများ မှတစ်ဆင့် တရားမဝင် ဓာတုပစ္စည်း များကိုပါ သယ်ယူသိုလှောင် ရောင်း ချခဲ့ကြောင်း၊ ဓာတုပစ္စည်းများကို သိုလှောင်ရာတွင် ရောနှောစုပုံခဲ့ ကြောင်း၊ ၂ဝ၁၁ အောက်တိုဘာ ပထမပတ်ထဲတွင် မီးလောင်ပေါက် ကွဲလွယ်သည့် Potassium Chlorate ၅ဝဝဝ ကီလိုဂရမ် (၂၅ ကီလို ဂရမ်ဝင် ၂ဝဝ အိတ်) Red Phosphorous ၁၆ဝဝ ကီလိုဂရမ်တို့ကို ဝယ်ယူ၍ ဂိုဒေါင်အတွင်းရှိ ယမ်း စိမ်းအိတ်များအနီး စုပုံထားခဲ့ ကြောင်း Potassium Chlorate အိတ် ၂ဝဝ မှ ၆ဝ ခန့်သာ ရောင်း ချခဲ့ရပြီး ကျန်အိတ်များနှင့် Red Phosphorous ၁၆ဝဝ ကီလို ဂရမ် တို့မှာ မီးလောင်သွားခဲ့ကြောင်း ထို့ ပြင် မီးမလောင်မီ ၁ဝ ရက်ခန့်က ဝယ်ယူသိုလှောင် ထားသော Ammonium Nitrate ငါးတန်နှင့် လက်ကျန် တစ်အိတ်လျှင် ၅ဝ ကီလိုပါသော ၁ဝ အိတ်မှာလည်း မီးလောင်မှုတွင် ပါဝင်သွားကြောင်း၊ ထို့ကြောင့် ပေါက်ကွဲမှု ပြင်းထန် သွားသည်ဟု စစ်ဆေးတွေ့ရှိရ ကြောင်း သိရသည်။
ထိုပေါက်ကွဲမှုအား အမြန်ဆုံး ဖော်ထုတ်ရန် ဒုတိယသမ္မတဒေါက် တာ စိုင်းမောက်ခမ်းက ဇန်နဝါရီလ ၁ ရက်နေ့တွင် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးစဉ် က သက်ဆိုင်ရာဌာနအဖွဲ့အစည်း များသို့ မှာကြားခဲ့သည့်အတွက် ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်
ထိုသို့ မီးလောင်ပေါက်ကွဲမှု အကြောင်းရင်းအား စစ်ဆေးရာ၌ ကနဦးအနေဖြင့် မီးလောင်မှု အ ကြောင်းရင်းအား စတင်စစ်ဆေး ခဲ့ရာ ထွက်ဆိုချက်များအရ ဂိုဒေါင် အမှတ်(၈ဝ)မှ မီးစတင်လောင် ကျွမ်းခဲ့ပြီး ကပ်လျက်ရှိသော ဂိုဒေါင် အမှတ်(၇၉)သို့ ကူးစက်လောင် ကျွမ်းကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ကြောင်း၊ မီးစတင်လောင်ကျွမ်း စဉ်က ဝါယာကြိုးညှော်နံ့များရကာ အဆိုပါနေ့၏ ည ၁ နာရီခန့်မှ မီး စတင်လောင် ကျွမ်းနေ ခဲ့ခြင်း ဖြစ် ကြောင်း၊ ထိုဂိုဒေါင် အမှတ်(၈ဝ) တွင် မီးလောင်မှုမဖြစ်မီက ခဲဂဟေ ဆော် သည့် ဂေါက်အသုံးပြုခြင်းနှင့် အင်ဗာတာ အားသွင်းခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်း ပြီးဆုံးချိန်၌ ထိုမီးခလုတ်များကို မပိတ်ခဲ့ကြောင်း၊ အဆိုပါ မေတ္တာ မွန်ဂိုဒေါင်ဝင်းအတွင်းရှိ ဂိုဒေါင်များ အား လုံခြုံရေးမီးသာ သွယ်တန်း ခွင့်ပြုထားပြီး ကျန်လျှပ်စစ်မီးသွယ် တန်းခြင်းကို မြန်မာ့ဆိပ်ကမ်း အာ ဏာပိုင် လျှပ်စစ် အင်ဂျင်နီယာဌာန ၏ ခွင့်ပြုချက်ရယူပြီးမှသာ ဆောင် ရွက်ရမည်ဖြစ်သော်လည်း ဂိုဒေါင် အမှတ်(၈ဝ)၏ လျှပ်စစ်မီးသွယ်တန်း ခြင်းကိုမူ ဌာန၏ခွင့်ပြုချက် မရမီ သွယ်တန်းခဲ့ကြောင်း စစ်ဆေးတွေ့ ရှိရသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ မှ အဖွဲ့ဝင်မီးသတ်အရာရှိတစ်ဦး
''အခုတွေ့ရှိရတဲ့ စစ်ဆေးချက် တွေအရ ဒီမီးလောင်မှုဟာ လျှပ်စစ်ပစ္စည်းတွေ အပူလွန်ကဲပြီး မီး လောင်မှု စတင်ဖြစ်ပွားတယ်လို့ သုံး သပ်ရတယ်။ ဘာကြောင့်လဲဆို တော့ မီးလောင်မှုဖြစ်တဲ့ညမှာ မီး မလောင်ခင် အချိန်အထိ လျှပ်စစ် မီးလာနေပြီး ပေါက်ကွဲမှု ကြီးဖြစ် တော့မှ လျှပ်စစ်မီးပြတ်သွားတယ် ဆိုတဲ့ အချက်ရယ်၊ မီးလောင်မှု မဖြစ်ခင် သုံးရက်လောက်က ဒီဂို ဒေါင်မှာရှိတဲ့ ဝါယာကြိုးတွေ ပူနေ တယ်လို့ ဂိုဒေါင်စောင့် ဝန်ထမ်းတွေ ရဲ့ ထွက်ဆိုချက်တွေအရ လျှပ်စစ် ပစ္စည်းတွေ အပူလွန်ကဲရာကနေ စလောင် တယ်လို့ ပြောနိုင်တာပါ။ ဒါ့အပြင် ဂိုဒေါင်အမှတ်(၈ဝ) အတွင်း မှာလည်း မီးလောင်ပျက်စီးနေတဲ့ အင်ဗာတာတစ်လုံးကိုလည်း ရှာဖွေ တွေ့ရှိခဲ့တယ်''ဟု ၄င်းက ဆက် လက်ပြောကြားသည်။
ထို့ကြောင့် ဓာတုပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ထိန်းချုပ်သည့် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက် များ၊ ဘေးဥပဒ်ဖြစ်စေသော ဓာတု ပစ္စည်းများကို လူနေရပ်ကွက်အနီး သိုလှောင်ခြင်းမရှိစေရန် ညွှန်ကြား ချက်များ ထုတ်ပြန်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က အကြံပြု တင်ပြထားကြောင်း သိရသည်။
0 comments:
Post a Comment