Sunday, January 1

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ကချင်စစ်ပြေး ဒုက္ခသည်များကို သိန်း (၃၀၀) လှူဒါန်း

ကချင်ပြည်နယ်အတွင်း မငြိမ်မသက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် စစ်ပြေးဒုက္ခသည်များ အတွက် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် အတွင်းရှိ NLD အဖွဲ့ဝင်များမှ တစ်ဆင့် သိန်း (၃၀၀) လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ 
ကချင်ပြည်နယ်တွင် ပြည်နယ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဦးဖေစိန်၏ ပြောဆိုချက်အရ မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော်မြို့နယ်များတွင် ရှိသည့် ဒုက္ခသည်စခန်း (၂၀) ကျော်မှ ဒုက္ခသည် (၅၀၀၀) ကျော်ကို လှူဒါန်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် စစ်ပြေးဒုက္ခသည်များသည် နီးစပ်ရာ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရလျှက်ရှိရာ နိုင်ငံတော်အစိုးရ အပါအဝင် လူမှုရေး အဖွဲ့အစည်းများ နိုင်ငံရေး ပါတီများက တတ်စွမ်းသမျှ ကူညီထောက်ပံ့ လျှက်ရှိပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အပြင်းအထန် လုံးပန်းလျှက် ရှိကြောင်း သိရသည်။
By Myanmar News Weeks

0 comments:

Post a Comment